၂၀. ၄. ၂၀၂၄
Written by Ye Kyaw

လျှပ်စစ်ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းတစ်တိုင်းလုံး ယနေ့ မွန်းလွဲ ၁ နာရီကျော်ကစ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပြီး ရန်ကုန်တိုင်းတစ်တိုင်းလုံးဖြစ်ပေါ်ခဲ့၍ မည်သည့်အချိန်မှ ပြန်လည်ရရှိမည်ကို မသိရှိရသေးကြောင်း သိရသည်။

“နေ့ခင်း ၁ နာရီလောက်က System Breakdown ဖြစ်သွားလို့ ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးပျက်သွားတာပါ။ ပြန်ရမယ်အချိန်ကို ခန့်မှန်းလို့မရပါဘူး။ ရန်ကုန်တိုင်းတစ်တိုင်းလုံး မီးပျက်သွားတာဆိုတော့လေ” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၂၀ ရက် (ယနေ့) နေ့လယ် ၁ နာရီ ၁၂ မိနစ်အချိန်ခန့်တွင် ဓာတ်အားစနစ် ချိုယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *