၂၀. ၄. ၂၀၂၄
Written by TZ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မွန်စုရပ်၊ စိန်ပန်းပြာလမ်း၌ လူမရှိချိန် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင်ဖြစ်ပွားခဲ့သည်ဟု မီးလောင်သည့် နေအိမ်ကို ကူညီငြှိမ်းသတ်သူများထံမှ သိရသည်။

“လူမရှိတဲ့အချိန်ဖြစ်တာ။ ဘယ်ကနေစပြီးလောင်လဲတော့မ သိဘူး” ဟု စိန်ပန်းပြာလမ်းတွင် နေထိုင်သည့် ပြည်သူတစ်ဦးက ဆိုသည်။

ထိုမီးလောင်မူကြောင့် ပျဥ်ထောင်အိမ်တစ်လုံး ဆုံးရူံးပြီး လက်ရှိအချိန်တွင် နေအိမ်ပိုင်ရှင်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နေရာသို့ သွားရောက်ကူညီသည့် ပါရမီဖောင်ဒေးရှင်း (မြိတ်) သို့ MT News က ဆက်သွယ်မေးမြန်းရာ ” လက်ရှိတော့ ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းဆဲပါ” ဟု ပြောသည်။

ဓာတ်ပုံ -ပါရမီဖောင်ဒေးရှင်း ( မြိတ်)

Leave a Reply

Your email address will not be published. Required fields are marked *