April 30, 2024

၁၇.၄.၂၀၂၄
Photo & Writer TZ

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဇေယျာသီရိမြို့နယ်ရှိ လှေခွင်းတောင်နဲ့ ရွှေပေါင်းလောင်းတံတားတို့မှာ ပြည်သူတွေ ရေကစား အပန်းဖြေမှု အလွန်များပြားခဲ့ပါတယ်။

လှေခွင်းတောင်အနီးမှာ ပေါင်းလောင်းမြစ်( စစ်တောင်းမြစ်) ကို အခြေပြုတဲ့ လှေခွင်းတောင်အပန်းဖြေစခန်းရှိပြီး လှေခွင်းတောင်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ရွာမှာ တည်ရှိပါတယ်။

လှေခွင်းတောင်ပေါ်မှာ ဘုန်းတော်ကြီး ခင်ကြီးဖြူက ၁၅၉၈ ခုနှစ်မှာ မျက်နှာကိုးဘက်ရှိ ကိုးမုခ်ပြန်စေတီကို တည်ထားကိုးကွယ်ခဲ့ပြီး တောင်ပေါ်ကို မော်တော်ယာဥ်နဲ့တက်နိုင်သလို တောင်ထိပ်မှာ လှေခွင်းတောင်ဘုရားကို ဖူးမြော်နိုင်တဲ့အပြင် ရွှေလှေငွေလှေနှစ်စင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News