April 30, 2024

၁၇.၄.၂၀၂၄
Written By Thandar

သရုပ်ဆောင် စိုင်းလွှမ်းနဲ့ သဘင်မင်းသမီးလေး သဉ္ဇာရဲဝင်းတို့က ယနေ့ ဧပြီ ၁၇ရက် မြန်မာနှစ်သစ် နှစ်ဆန်း ၁ ရက်နေ့မှာတော့ နှစ်သစ်မင်္ဂလာအနေနဲ့ ချစ်သူနဲ့ ရွှေလက်တွဲမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“ကိုကို့(စိုင်းလွှမ်း)ကို ချစ်တာက သူက ကြင်နာတတ်တယ်။ ချစ်တတ်တယ်။ သူ့ရဲ့အတိတ်က အတိတ်ပါပဲ။ မီးမီးလေး(စစ်လွန်းဝတီထက်)လေးနဲ့လည်း အဆင်ပြေသလို မထက်(ထက်ထက်မိုးဦး)နဲ့လည်း အဆင်ပြေပါတယ်။ ကိုကိုနဲ့က ချစ်သူ ဖြစ်တာ သိပ်မကြာသေးပါဘူး။အသက်ကတော့ ၁၃ နှစ်ကွာပါတယ် ”လို့ သဘင်မင်းသမီးလေး သဉ္ဇာရဲဝင်းက ပြောပါတယ်။

ကြော်ငြာဘုရင်မ တစ်ပါးဖြစ်တဲ့ မင်းသမီး ထက်ထက်မိုးဦးနဲ့ ကွာရှင်းခဲ့ပြီးနောက် သရုပ်ဆောင် စိုင်းလွှမ်းက ၂၀၂၄ ခုနှစ် မေလပိုင်းက ချစ်သူဖြစ်သူ သဘင်မင်းသမီးလေး သဉ္ဇာရဲဝင်းကို လက်ထပ်ခွင့်တောင်းခံခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ကတော့ နှစ်သစ်မှာ ကြည်နူးစရာ မိသားစုဘ၀လေးကို တည်ဆောက်တော့မှာလည်းဖြစ်ပါတယ်။ စိုင်းလွှမ်းနဲ့ သဉ္ဇာရဲဝင်းတို့က အသက် ၁၃ နှစ်ကွာပေမယ့် ခဏတာအတွင်းချစ်မိလို့ လက်ထပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *