April 29, 2024

၁၆.၄.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက် ပဒုမ္မာလမ်းရှိ နေအိမ်တစ်လုံး၏ မီးဖိုချောင်ရှိ မီးပလပ်ခုံအပူလွန်ကဲရာမှ လူနေအိမ်၂ လုံးမီးလောင်ဆုံးရှုံးမှု ဧပြီလ ၁၅ ရက်​ ညနေ ၅ နာရီ ၁၁ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။

“အိမ်ငှားထားတဲ့ အိမ်ရဲ့မီးဖိုချောင်က မီးပလပ်ခုံအပူလွန်ပြီး ဘေးမှာရှိတဲ့အကာတွေကို မီးကူးရင်း အိမ် ၂ လုံး မီးလောင်သွားတာ”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ ၆ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ် ၁ လုံးနှင့် ၁၀ ပေ ပတ်လည်ရှိ သွပ်မိုး၊ ဝါးခင်း၊ သက်ကယ်ကာ နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

နေအိမ် ၂ လုံး မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုမျိုးလှိုင်ဝင်းကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ကွမ်းခြံကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *