April 29, 2024

၁၆. ၄. ၂၀၂၄
Photo Naing Thuta

မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း အစဥ်အလာမပြတ် အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်နေ့)ညနေပိုင်းနဲ့ ညဦးပိုင်းမှာ တွေ့မြင်ရတဲ့ မန္တလေးမြို့ ၂၆ လမ်းပေါ်က မန္တလေးဗဟိုမဏ္ဍပ် မြန်မာ့ရိုးရာလမ်းလျှောက်အတာသင်္ကြန်အတွင်းမှာ အနုပညာရှင်များစွာက သီဆိုဖျော်ဖြေခဲ့ကြသလို ဧည့်ပရိတ်သတ်တွေကလည်း ပျော်ရွှင်မြူးကြွကာ ကခုန်နေကြတာကို တွေ့မြင်ရပါတယ်။

အလားတူ မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၂ (A)လမ်းနဲ့ ၁၀၇ လမ်းကြားရှိ မင်္ဂလာမန္တလေး မဟာသင်္ကြန်မဏ္ဍပ်ရဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာရေကစားသူများဖြင့် စည်းကားများပြားလျက်ရှိပါတယ်။

ဒါ့အပြင် မန္တလေးမြို့အတွင်းရှိ မြို့နယ်အသီးသီးမှာရှိတဲ့ ရပ်ကွက်/ကျေးရွာပြည်သူများကလည်း ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီတင်းသီလဆောက်တည်သူများပြားသကဲ့သို့ ရပ်ကွက်အတွင်း အာဟာရဒါန စတုဒိသာများနဲ့ ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသူများနဲ့ စည်ကားများပြားလျက်ရှိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *