MT News

Written by Nay Aung

အိန္ဒိယနှင့် အခြားနိုင်ငံများက မြန်မာ့နိုင်ငံရေးအခက်အခဲဖြေရှင်းရန် နစကနှင့် စေ့စပ်ဆွေးနွေးခြင်းများသည် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိရန်ကြိုးပမ်းနေသော အာဆီယံ၏ကြိုးပမ်းမှုများကို ထိရောက်မှုအားနည်းဖွယ်ရှိလာနိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက သတိပေးပြောဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ထိုကဲ့သို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

အိန္ဒိယနှင့်အခြားနိုင်ငံများသည် မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ရန် အခြားမတူညီသော လမ်းကြောင်းကို ချမှတ်ကျင့်သုံးမည့်အစား မြန်မာ့အရေးနှင့်ပတ်သတ်ပြီး ဖြေရှင်းရန်ကြိုးပမ်းနေသော

အာဆီယံ၏ပေါ်လစီများအတိုင်း လေးစားလိုက်နာစေလိုကြောင်း အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယသည် နစကနှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့မှုနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ မှတ်ချက်ပြု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစကနှင့် စေ့စပ်ဆွေးနွေးမှုများသည် မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ရရှိရန် ကြိုးပမ်းပေးနေသည့် အာဆီယံ၏ ကြိုးပမ်းမှုများကို ထိရောက်မှုအားနည်းဖွယ်ရှိနေကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုသည်။

အိန္ဒိယနှင့် အခြားနိုင်ငံများသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် ၊ မြန်မာနိုင်ငံရှိ အဖွဲ့စည်းတိုင်းတွေ့ဆုံဆွေးနွေးရမည့် သတ်မှတ်ချက်များပါ၀င်နေသည့်အာဆီယံသဘောတူညီချက်ငါးချက်ကို လေးစားလိုက်နာစေလိုကြောင်းအင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုလိုက်သည်။

” အာဆီယံအဖွဲ့ကြီးရဲ့မိတ်ဖက်နိုင်ငံအဖွဲ့စည်းတွေကို မက်ဆေ့ချ်ပေးလိုတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ကြိုးပမ်းမှုတွေကိုအားပေးထောက်ခံပေးစေလိုတယ်။ မိတ်ဖက်အဖွဲ့စည်းနိုင်ငံတွေဟာ အာဆီယံရဲ့လက်ရှိ ကြိုးပမ်းနေတဲ့ လမ်းကြောင်းနဲ့

မတူညီဘဲ အခြားမတူညီတဲ့လမ်းကြောင်းကို အကောင် အထည်ဖော်ဖို့ လုပ်ဆောင်နေမယ်ဆိုရင် မြန်မာ့နိုင်ငံရေးပြသာနာကိုဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ကြိုးပမ်းမှုတွေက ထိရောက်မှု ရှိမှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာအခက်အခဲတွေမရှိအောင် မြန်မာနိုင်ငံကို ကူညီပေးရာရောက်တယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

Ref, thehindu

Leave a Reply

Your email address will not be published. Required fields are marked *