၁၂. ၄. ၂၀၂၄
Written by Pan Ei

တောင်ကိုရီးယားနာမည်ကြီးအမျိုးသမီး အဆိုရှင်အဖွဲ့ Aespa ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Winter ဟာ ဧပြီလ ၁၁ ရက်က အဆုတ်ခွဲစိတ်မှု ခံယူခဲ့တာကြောင့် ပြန်လည်ကောင်းမွန်လာတဲ့အထိ အနားယူသွားမယ်လို့ သူမရဲ့အေဂျင်စီ SM အင်တာတိန်းမန့်က ဒီနေ့ (ဧပြီ ၁၂ ရက်) မှာ ကြေညာခဲ့ပါတယ်။

သူမဟာ Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ရောဂါအတွက် ခွဲစိတ်မှုခံယူခဲ့ရကြောင်း အေဂျင်စီက မျှဝေခဲ့ခြင်းဖြစ်သလို Pneumothorax ရောဂါက ပြန်ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတစ်ခုဖြစ်တဲ့အတွက် ဆရာဝန်နဲ့ ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက် ခွဲစိတ်မှုကို ကြိုတင်ကာကွယ်မှုတစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တယ်” လို့ SM အင်တာတိန်းမန့်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Winter ရဲ့အနာဂတ်အချိန်ဇယားနဲ့ပတ်သက်ပြီးတော့လည်း သူမ ပြန်လည်ကောင်းမွန်လာတဲ့ အခြေအနေအတွက်ပဲ အဓိကထားဦးစားပေးသွားမှာဖြစ်တယ်လို့ အေဂျင်စီက ဖော်ပြခဲ့သလို သူမရဲ့ ပရိသတ်တွေကလည်း သူမကျန်းမာရေးအတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပါတယ်။

Winter ဟာ ၂၀၂၀ ခုနှစ်က Aespa ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် ပွဲဦးထွက်ခဲ့ပြီး Aespa ဟာ သူတို့ရဲ့ ဖျော်ဖြေရေးခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လာမဲ့ ဇူလိုင် ၂၀ ရက် စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *