◼️ ဂါဇာစစ်ပွဲမှသည် ဒေသအတွင်း ဆက်လက်တင်းမာလာမှုကို စိုးရိမ်နေရ

၁၂.၄.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်အစိုးရက အီရန်အနေဖြင့် အစ္စရေးအားလက်တုံ့ ပြန်တိုက်ခိုက်မှုများပြုလာနိုင်၍ အစ္စရေးနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်‌နေကြသော အမေရိကန်နိုင်ငံသားများနှင့် ၎င်းတို့၏မိသားစုဝင်များအား တယ်လ်အဗစ်မြို့၊ ဂျေရုဆလမ်မြို့နှင့်ဘီရာရှီဗာမြို့ နယ်မြေများ၏ ပြင်ပသို့ ပုဂ္ဂိုလ်ရေးခရီးစဉ်ဖြင့် သွားရောက်မှုများမပြုကြရန် ဧပြီလ ၁၁ ရက် ကန့်သတ်သတိပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရအရာရှိများက ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အစ္စရေးကို လက်တုံ့ပြန်မှုများပြုလာနိုင်သည်ဟုမျှော်လင့်ထားကြသည်။ အမေရိကန်အစိုးရက ၎င်းအနေဖြင့် ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွင်းပါဝင်မည်မဟုတ်ဟု ပြောခဲ့သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်အနေဖြင့် မဟာမိတ်နိုင်ငံ၏ လုံခြုံရေးအတွက် တာဝန်ရှိကြောင်း ဧပြီလ ၁၀ ရက်က ပြောခဲ့ရာ အကယ်၍သာ စစ်ပွဲဖြစ်လာခဲ့လျှင် အမေရိကန်လည်း နောက်ကွယ်မှ မလွဲမသွေပါဝင်လာမည်ဟု ယုံကြည်ရသည်။

အီရန်အနေနှင့် အစ္စရေးအား မောင်းသူမဲ့လေယာဉ်များ(သို့မဟုတ်) ဒုံးကျည်များဖြင့်တိုက်ခိုက်မှုများပြုလုပ်လာနိုင်ကြောင်း အမေရိကန်အစိုးရအရာရှိများက ခန့်မှန်းထားကြရာ ခြောက်လကြာပြီဖြစ်သော အစ္စရေး-ဟားမားစ် စစ်ပွဲက အရှေ့ အလယ်ပိုင်းဒေသအတွင်း ပိုမိုကျယ်ပြန့်လာမည်ကိုစိုးရိမ်နေရသည်။

ရုရှားနိုင်ငံကလည်း အရှေ့အလယ်ပိုင်းဒေသသို့ ရုရှားနိုင်ငံသားများ ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် သတိပေးတိုက်တွန်းချက် ထုတ်ပြန်ထားသည်။

Ref- CNN, Sky News

Leave a Reply

Your email address will not be published. Required fields are marked *