၁၁.၄.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့၊ ရန်အောင် ( ၂) ရပ်ကွက်၊ ဗိုလ်တောက်ထိန်လမ်း၊ မြင်းရတနာအနီးတွင် နေအိမ်တစ်လုံးမှ ပါဝါဘဏ့်အားသွင်းရာက အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၃ လုံး မီးလောင်သွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်မှာ ယနေ့ ဧပြီ ၁၁ ရက် နံနက် ၁၀ နာရီ ၁၉ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပျဥ်းမနားမီးသတ်စခန်းမှ ဦးဆောင် မီးငြှိမ်းသတ်၍ ၁၀ နာရီ ၂၉ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

“အမျိုးသမီးတစ်​ယောက်က ပါဝါဘဏ့်အားသွင်းထားတာ။ အားသွင်းရာကနေ အပူလွန်ကဲပြီးလောင်တာ။ စုစုပေါင်း အိမ် ၃ လုံးလောင်တာ။ ပျဥ်ထောင်အိမ်နဲ့ ၁၀ ပေပတ်လည်အိမ်လောင်တာ။ အိမ်တစ်လုံးထိ အကုန်မလောင်ဘူး။ အနည်းအကျဥ်းပဲ လောင်တာ” ဟု ပျဥ်းမနားမြို့ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT news သို့ ဖြေကြားသည်။

မီးပေါ့ဆမူ့ကြောင့် အသက် ၅၀ ခန့်အရွယ် အမျိုးသမီးကို သက်ဆိုင်ရာမှ စစ်ဆေးနေကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၆ သိန်းကျော်ဆုံးရှုံးသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *