MT News
၁၁. ၄. ၂၀၂၄

လာမည့် ဧပြီ ၁၇ ရက်တွင် ကျရောက်မည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၁၃၈၆ ခုနှစ် နှစ်သစ်မင်္ဂလာအခမ်းအနားကို ရွှေတိဂုံစေတီတော်၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၃၈၆ ခုနှစ် နှစ်သစ်မင်္ဂလာအခမ်းအနားအဖြစ် နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ဆွမ်းတော်ကြီးကပ်လှူခြင်း၊ နံနက် ၅ နာရီခွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲတွင် ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပခြင်းနှင့် ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်များနာကြားခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချအနုမောဒနာတရား နာယူခြင်းနှင့် နံနက် ၇ နာရီတွင် ရှင်ဥပဂုတ္တမင်္ဂလာကန်တော်၌ ဇီဝိတဒါနဘေးမဲ့သက်လွှတ်ပွဲ အခမ်း အနားကျင်းပခြင်းစသည့် ကောင်းမှုအစုစုတို့ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီတော်တွင် ကျင်းပမည့် ၁၃၈၆ ခုနှစ် နှစ်သစ်မင်္ဂလာအခမ်းအနားကို ရဟန်းရှင်လူပြည်သူများမှ အနုမောဒနာပြုနိုင်ကြပါရန်နှင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ပါကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က နှိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *