၁၁. ၄. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံပိုင်သတင်းစာနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေဖြန့်ချိနေသော်လည်း ဖတ်ရှုသူနည်းပါးနေ၍ နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်‌ရေး ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပြောကြားသည်။

နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေဖြန့်ချိလျက်ရှိသော်လည်း နိုင်ငံတစ်ဝန်းလုံးသို့ ပြန့်နှံ့ရောက်ရှိမှု အားနည်းမှုနှင့် ဖက်ရှုသူနည်းပါမှုတို့ကို တွေ့ရကြောင်း၊ သတင်းစာဟူသည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့် သတင်းအချက်အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သဖြင့် နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက‌ ပြောကြားသည်။

လက်ရှိအချိန်၌ သတင်းစာများကို အမြန်ဆုံးဖတ်ရှုနိုင်ရေးအတွက် အွန်လိုင်းစာမျက်နှာများ၌လည်း နေ့စဉ်ဖြန့်ဝေပေးလျက်ရှိကြောင်း၊ သတင်းစာများ၌ပါရှိသည့် သတင်းအချက်အလက်များ၊ ဆောင်းပါးများသည်လည်း ပြည်သူလူထုတို့ကို အမှန်တကယ်အကျိုးပြုနိုင်ရန်လိုပြီး နားလည်သဘောပေါက် လွယ်ကူစေမည့် အသုံးအနှုန်းများ၊ အရေးအသားများကို သုံးနှုန်းကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက‌ ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *