၁၀.၄. ၂၀၂၄
Written by Nay Moe

Inya Lake Garden ဟိုတယ်မှာ လက်ရှိကျင်းပပြုလုပ်နေတဲ့ အဆိုတော်သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ကို မိုင်းလေးလုံးထောင်ထားတယ်လို့ ရန်ကုန်မြို့မှာ ဗုံးထောင်တိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ Dark Shadow PDF အဖွဲ့ခေါင်းဆောင် ရဲဘော်အရိပ်(ပန်ဒါ)က သူအသုံးပြုတဲ့ Chan Nyein Thu အကောင့်ကနေ ခြိမ်းခြောက် သတိပေးထားပါတယ်။

အမျိုးသမီးငယ်အများစုအားပေးကြမဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့ဖျော်ဖြေပွဲကို ကျပ်တစ်သိန်းကစ အားပေးကြရမှာဖြစ်လို့ လူငယ်တွေ ပျော်ရွှင်နေတာမလိုချင်တဲ့ NUG နဲ့ PDF တွေက ဝေဖန်ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့ကြသလို Delivery ပို့ရာကနေ ရန်ကုန် UG PDF ဖြစ်လာတဲ့ Dark Shadow ကတော့ မိုင်းလေးလုံးထောင် တိုက်ခိုက်ထားတယ်လို့ပါ အသိပေးခြိမ်းခြောက်လာတာဖြစ်ပါတယ်။

“စိုင်းစိုင်း birthday show မှာ ချိန်ကိုက်မိုင်း “🍍” (နာနတ်သီး – မိုင်း) ၄ လုံးရှိပါတယ် ဂရုစိုက်ပြီးရှောင်ရှားသွားလာကျပါနော်”လို့ ရဲဘော်အရိပ်(ပန်ဒါ) က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Dark Shadow အဖွဲ့ဟာ ၂၀၂၄ ခုနှစ်ထဲမှာ ရန်ကုန်က အများပြည်သူလှုပ်ရှားသွားလာရာ နေရာ ၁၆ ခုထက် မနည်းဗုံးခွဲခဲ့သလို မနေ့ကလည်း မင်္ဂလာဒုံမြို့မရဲစခန်းကို ဗုံးခွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *