၁၀.၄.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းမရှိ သစ်ပင်အောက်တွင် အမျိုးသားတစ်ဦး ဝမ်းဗိုက်နှင့်လက်တို့တွင် ပွန်းပဲဒဏ်ရာများဖြင့် သေဆုံးမှု ယနေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဧပြီ ၁၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် YBS ၈၉ လိုင်းကားပေါ်မှ အမျိုးသားတစ်ဦးကို ချခဲ့ကြောင်း၊ ထိုသို့ ချခဲ့ပြီးနောက် သေဆုံးသွားကြောင်း အနီးရှိပြည်သူများထံမှ သိရသည်။

“အနီးအနားက သူတွေပြောတာကတော့ လိုင်းကားပေါ်ကနေ ချခဲ့တာ။ လိုင်းကားကလည်း သူ့ပုံက မူမမှန်တော့ချခဲ့တာနဲ့တူတယ်။ ဗိုက်နဲ့လက်ပြင်မှာလည်း ဒဏ်ရာတွေနဲ့။ လူကလည်း အားသိပ်မရှိဘူး။ ပုံစံကြည့်ရတာ။ ပူတော့ အဲ့ဒီ ၈၉ ဂိတ်ရဲ့အနီးမှာရှိတဲ့ သစ်ပင်အောက်မှာ လူနာက။ သူကတော့ဆုံးသွားတယ်။ ဘာကြောင့်ဆုံးတာလဲဆိုတာကတော့ မသိဘူး” ဟု မြေပြင်အား သွားရောက်ကူညီသည့် လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ပြောသည်။

လက်ရှိအချိန်တွင် ရုပ်အလောင်းမှာပိုင်ရှင်မဲ့ဖြစ်နေ​ကြောင်း၊ ထိုရုပ်အလောင်းနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြားပြီး ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ရာ PR-040 ဖြင့် လက်ခံထားကြောင်း သိရသည်။

ဓာတ်ပုံ -လင်းလက်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *