၈. ၄. ၂၀၂၄
Written by TZ

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့နယ်၊ အနောက်ဘက် တိုက်ကလေးကျေးရွာ တာလမ်းမပေါ်တွင် အုတ်သယ်ယာဥ်တစ်စီး အရှိန်လွန်၍ ရေမရှိသည့် မြောင်းထဲသို့ ထိုးကျရာ လူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကို ဧပြီလ ၈ ရက် နံနက် ၆ နာရီအချိန်တွင် သတင်းရရှိသောကြောင့် ပီတိနှလုံးသားအသင်းမှ ဒဏ်ရာရရှိသူများကို သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ဒဏ်ရာရတာ။ အဲ့ဒီထဲမှာ အမျိုးသမီးတစ်ယောက်ကတော့ နံရိုးအောင့်၊ ခြေလက်ပွန်းပဲ့၊ နှာခေါင်းသွေးထွက် ဒဏ်ရာရတယ်။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာအနည်းငယ်စီရတယ်”ဟု ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့သည့် ပီတိနှလုံးသားအသင်း ( နောင်ဘို) မှ တာဝန်ရှိသူတစ်ဦးက MT News သို့ဖြေကြားသည်။

ဧပြီလ ၇ ရက် ည ၈ နာရီအချိန်ခန့်ကလည်း သထုံ-မော်လမြိုင်အထွက် သံလမ်းကူးဆီဆိုင်အနီးတွင် ဘေးတွဲဆိုင်ကယ်နှင့်စက်ဘီးတို့အရှိန်လွန်၍ တိုက်မိရာမှ အသက် ( ၁၁) နှစ်အရွယ် ယောကျာ်းလေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ -ပီတိနှလုံးသားအသင်း

Leave a Reply

Your email address will not be published. Required fields are marked *