၈. ၄. ၂၀၂၄
Written by Pan Ei

အမေရိကအလယ်ပိုင်းက နိုင်ငံတစ်ခုဖြစ်တဲ့ အယ်လ်ဆာဗေးဒေါနိုင်ငံက နိုင်ငံခြားက ကျွမ်းကျင်လုပ်သားတွေကို အခမဲ့ နိုင်ငံကူးလက်မှတ် ၅,၀၀၀ ထုတ်ပေးနေကြောင်း သမ္မတ Nayib Bukele က ပြီးခဲ့တဲ့ စနေနေ့က ဆိုရှယ်မီဒီယာ X (အရင် Twitter) ကတစ်ဆင့် ထုတ်ပြန်ခဲ့ကာ အဆိုပါ လုပ်ဆောင်ချက်ဟာ သူ့ရဲ့နိုင်ငံ့စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ မြှင့်တင်ဖို့ နောက်ဆုံးကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံက ခေါ်ယူမဲ့ နိုင်ငံခြားကျွမ်းကျင်ပညာရှင်တွေထဲမှာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ အနုပညာရှင်တွေနဲ့ ဒဿနပညာရှင်တို့ပါဝင်ပြီး သူတို့ကို ရွေးကောက်ပွဲမှာ မဲပေးခွင့်အပါအဝင် နိုင်ငံသားဖြစ်ခွင့် အခြေအနေတွေကို အပြည့်အ၀ ပေးအပ်မှာဖြစ်တယ်လို့ သမ္မတက X မှာ တင်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အယ်လ်ဆာဗေးဒေါနိုင်ငံဟာ ခေါ်ယူမဲ့သူတွေကို ရွှေ့ပြောင်းမိသားစုတွေနဲ့ ပိုင်ဆိုင်မှုတွေအတွက် အခွန်နဲ့ အခွန်စည်းကြပ်မှုတွေကို ဖယ်ရှားပေးထားကာ သူတို့ရဲ့ နေရာပြောင်းရွှေ့ရေးကို ကူညီပေးသွားမယ်လို့ သိရပြီး အဲ့ဒီ နိုင်ငံကူးလက်မှတ် ၅၀၀၀ ထုတ်ပေးသွားမဲ့ အစီအစဉ်ဟာ နိုင်ငံရဲ့ နိုင်ငံကူးလက်မှတ်ကဏ္ဍမှာ ဒေါ်လာ ၅ ဘီလျံ လောက်နဲ့ ညီမျှနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အဖွဲ့ရဲ့ ခုလိုပံ့ပိုးမှုတွေက နိုင်ငံရဲ့အနာဂတ်အပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိစေမယ်လို့ သမ္မတ Bukele က ရေးသားခဲ့ပါတယ်။

Henley Passport Index ရဲ့ စစ်တမ်းအရ အယ်လ်ဆာဗေးဒေါရဲ့ နိုင်ငံကူးလက်မှတ်ဟာ ကမ္ဘာ့အဆင့် ၃၈ မှာ ရပ်တည်နေသလို နေရာ ၁၃၆ ခုကို ဗီဇာကင်းလွတ်ခွင့် ပေးထားတယ်လို့ သိရပြီး အဲ့ဒီထဲမှာ အနောက်ဥရောပနဲ့ တောင်အမေရိကနိုင်ငံများစွာ ပါဝင်ပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံဟာ လူဦးရေ ဆယ်သန်းအောက်သာရှိတဲ့ အမေရိကအလယ်ပိုင်းမှာ အသေးငယ်ဆုံးနိုင်ငံအဖြစ် ထင်ရှားသလို နိုင်ငံရဲ့မြို့တော်မှာ ဆမ်ဆာဗေးဒေါဖြစ်ပြီး ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ရှည်လျားတဲ့ ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

Ref; CNN, benzinga

Leave a Reply

Your email address will not be published. Required fields are marked *