MT News
၆. ၄. ၂၀၂၄

မနေ့ညက ကျင်းပခဲဲ့တဲ့ One Friday Fights 58 ရဲ့ပွဲစဥ်မှာ ပထမဆုံးပွဲဦးထွက်လာတဲ့ လက်တစ်ဖက်ပြတ် ကနေဒါဖိုက်တာ Jake Peacock ရဲ့ပွဲစဥ်ဟာ ခေါင်တွဲဆိုင်းထက်လူစိတ်ဝင်စားခဲ့သလို ချတ္ထရီကိုယ်တိုင်ကလည်း သူပွဲထုတ်လာတဲ့ လက်တစ်ဖက်ပြတ်ဖိုက်တာထိုးသတ်ပွဲကို ကမ္ဘာ့မီဒီယာကြီးတွေကပါ ဖော်ပြတဲ့အကြောင်း တခုပ်တရတင်ဆက်ခဲ့တာ​ တွေ့ရပါတယ်။

Jake Peacock ရဲ့ ပြိုင်ဘက် ဂျပန်နိုင်ငံသား Kohei Shinjo ကတော့ ထိုးသတ်ပွဲ ခုနစ်ပွဲမှာ ၅ ပွဲနိုင် ၂ ပွဲရှုံးရလဒ်ရှိပြီး Jake ထက် အရပ်ပိုပုပေမဲ့ ပိုကျစ်လျစ်တောင့်တင်းပြီး Jake ကတော့ ၁၂ ပွဲနိုင် ၁ ပွဲရှုံးထားသူပါ။

ဒီနေ့ပွဲမှာ ခန္ဓာကိုယ်ချို့ယွင်းပြီး မသန်စွမ်းတာက Jake ဖြစ်ပေမဲ့လည်း သုံးချီစလုံးတိုက်စစ်ဆင် မနားတမ်းထိုးသတ်သွားတာကလည်း Jake ပဲဖြစ်နေပြီး သူ့ရဲ့ဘယ်ညာ အမြင့်ကန်ချက်တွေ အားပါပြင်းထန်သလို Shinjo ရဲ့ ဘယ်ညာနားထင်တွေထက် မကြာခဏမိတ်ဆက်နေခဲ့ပြီး လက်တစ်ဖက်မပါပေမဲ့ သူ့ Gap ကာတာ၊ လက်သီးချက်တွေနဲ့ တံတောင်ရိုက်တာကလည်း စည်းချက်ညီပါတယ်။ ဒါ​ကြောင့်လည်း သုံးချီအတွင်းမှာ Shinjo မလဲခဲ့ပေမဲ့ သွေးသံရဲရဲနဲ့ ဝှီးချဲနဲ့ခေါ်ထုတ်ရတာပါ။ ဒါကြောင့်လည်း ဒိုင်အားလုံးဆုံးဖြတ်ချက်နဲ့ Jake က ပွဲခံသွားခဲ့တာပါ။

ဒီနေရာမှာ Jake ရဲ့ တံတောင်ဆစ်နားကပြတ်နေတဲ့လက်ဟာ လုံးဝအသုံးမဝင်တာမဟုတ်ဘဲ တံတောင်ရိုက်တာ၊ ကာတာလုပ်နိုင်တာတွေ့ရပါတယ်။ ဒါပေမဲ့လည်း တချို့က ဘောက်ဆင်ထိုးလက်ဝှေ့လေ့ကျင့်ချိန် Jake ရဲ့ ပြတ်နေတဲ့လက်မှာ လက်ဝှေ့အိတ်မစွပ်ထားတာကို ပြစ်တင်ခဲ့ကြပြီး ပြတ်နေတဲ့အရိုးနဲ့ထိုးလို့ ပြိုင်ဘက်အထိနာခဲ့တယ်လို့ဝေဖန်ကြပေမဲ့ One ရဲ့ MMA လက်အိတ်က လက်မပါတဲ့ Jake စွပ်လို့မရတာ မေ့နေကြပုံပါပဲ။

ဘာပဲပြောပြော လက်တစ်ဖက်ပြတ်နေလို့ အနိုင်ကျင့်ခံရတဲ့ဘဝကနေ သာမန်ဖိုက်တာတွေ တက်လှမ်းဖို့မလွယ်တဲ့ တက်လှမ်းနိုင်ရင်တောင် ခက်ခဲတဲ့ပြိုင်ဘက်ချည်းမို့ ပထမဆုံးထိုးသတ်ပွဲ နိုင်ဖို့မလွယ်တဲ့ One စင်မြင့်မှာ နေမဝင်စိတ်ဓာတ်နဲ့ မာကြောတဲ့ဂျပန်ဖိုက်တာကို လက်တစ်ဖက်မပါတဲ့ Jake အနိုင်ရသွားတာ မသန်ပေမဲ့စွမ်းကြောင်းပြတာဖြစ်ပြီး ကိုယ်အင်္ဂါချို့ငဲ့လည်း အားငယ်စရာမလိုဘူးဆိုတာ သက်သေပြတဲ့ ပြယုဂ်လို့ပဲ….။

MT Entertainment က တင်ဆက်ခဲ့တဲ့ Jake Peacock ရဲ့ ဘဝအကြောင်းကိုလည်း YouTube မှာ နားဆင်နိုင်ပါတယ်။

◾ Jake Peacock အကြောင်း YouTube တွင် နားဆင်ရန်


https://youtu.be/aXUVSB9GLuQ?si=tvaLNGi9kaPCU3iW

Leave a Reply

Your email address will not be published. Required fields are marked *