၅.၄.၂၀၂၄
Written by KL

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ရပ်ကွက် ၃ ကျောက်တိုင်လမ်းတွင် အလုပ်သမားများက ကားပေါ်မှ မှန်များကို အောက်သို့ချချိန် မှန်များ ပြိုကျပိမိသဖြင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဧပြီလ ၄ ရက် ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ အသက် ၂၅ နှစ်မှ ၃၀ ဝန်းကျင် ကြားရှိ အမျိုးသား ၄ ဦးက မှန်များတင်ဆောင်လာသော ကားပေါ်မှ မှန်ချနေစဥ် မှန်များ ပြိုကျကွဲ​ကြေကာ ပိမိသ​ဖြင့် ခြေထောက်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။

“ကားပေါ်ကနေ မှန်ချရင်းဖြစ်သွားတာ။ တစ်ယောက်က ပေါင်ကျိုးတယ်။ တစ်ယောက်က ခြေထောက်အရိုးကျိုးတယ်။လေးယောက်လုံးမှာတော့ မှန်စထိထားတဲ့ ဒဏ်ရာတွေလည်းရှိတယ်”ဟု နာရေးကူညီမှုအသင်း(အောင်ပန်း)မှ အသင်းဝင်တစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသော အမျိုးသား ၄ ဦးကို ​အောင်ပန်းမြို့ပြည်သူ့ဆေးရုံသို့ ကနဦးပို့ဆောင်ခဲ့ပြီး ယင်းမှတစ်ဆင့် ထိခိုက်ဒဏ်ရာ ပြင်းထန်သူ ၃ ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *