၃.၄.၂၀၂၄
Written By Thandar

ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစရာတွေ ဖန်တီးပေးနေလျှက်ရှိတဲ့ လူရွှင်တော် သရုပ်ဆောင် နေကျော်ကတော့ ယခင်ကျောက်ကပ်အားနည်းတဲ့ ဝေဒနာကြောင့် အမောဖောက်လို့ ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

“ကြံခင်းဘက်မှာ ပွဲငှားလို့ သွားကဖို့စီစဉ်ခဲ့ပေမယ့် ပွဲလည်း မက,ရသေးပါဘူး။ အသက်ရှုကြပ်တာ စင်ပေါ်တောင် မတက်ရသေးဘဲနဲ့ ကျောက်ကပ်အားနည်းတာကြောင့် အမေဖောက်သလိုဖြစ်လို့ ရန်ကုန်ကို ပြန်လာခဲ့ရတာပါ။ မနက်ကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးထိုးဆေးကုသပြီးတော့ ခုတော့ အိမ်ပြန်ရောက်နေပါပြီ။ ဆေးစစ်ဆေးတာတွေလုပ်ထားပါတယ်။ နည်းနည်းတော့ သက်သာတယ်ပေါ့။ ဆေးရုံတက်စရာမလို သေးဘူးပေါ့” လို့ လူရွှင်တော် သရုပ်ဆောင် နေကျော်က MT Entertainment ကို ပြောပါတယ်။

သူဟာ ယခင်ထဲက ကျောက်ကပ်သိပ်မကောင်းတာကြောင့် ကျန်းမာရေးအနည်းငယ် မကောင်းဖြစ်နေလည်းဖြစ်ပါတယ်။ လာမယ့် ၆ ရက်နေ့မှာတော့ ဆေးစစ်ချက်အဖြေတွေကို ကြည့်ပြီး ဆေးကုသမှုတွေ ခံယူရမှာဖြစ်ပါတယ်။

“ဆေးစစ်ချက် အဖြေတွေက သဘက်ခါလောက် ‌ရမှာပါ။ ဦးလည်း ကျန်းမာရေးကောင်းအောင်တော့ နေထိုင်နေပါတယ်။ စိတ်ပူပေးကြတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

လူရွှင်တော် သရုပ်ဆောင်ဦးနေကျော်ဟာ ရန်ကုန်မြို့၊ ဒဂုံအရှေ့မြို့နယ် ၊ ၇ ရပ်ကွက် တိမ်ကြားမင်းခေါင်လမ်း နေအိမ် အမှတ်၂၉၂ မှာ နေထိုင်နေသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *