၃. ၄. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ပဲနွယ်ကုန်းစည်ပင်သာယာဈေးတွင် ဧပြီလ ၃ ရက် ညနေ ၆ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ရာ တစ်စျေးလုံးနီးပါး စျေးဆိုင်ခန်းပေါင်း ၄၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“တစ်စျေးလုံးကုန်ပြီ။ စျေးသည်တွေလည်းမျက်ရည်ပဲ ကျန်ခဲ့တယ်။ စျေးမီးလောင်တာ ဒီတစ်ခါအများဆုံးပဲ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စျေးမီးလောင်မှုမှာ ဈေးတန်းအမှတ် (၂၉) အခန်း(၅) ဒေါ်…..ပိုင်ဆိုင်သော ဆံပင်ညှပ်ဆိုင်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု ကနဦးသိရပြီး စျေးအတွင်းဆိုင်ခန်းပေါင်း ၄၉၃ ခန်းရှိသည့်အနက် ဆိုင်ခန်းပေါင်း ၄၃၅ ခန်း၊ လူနေအိမ် (၉)လုံးနှင့် သတိပဌာန်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ ၄ နာရီကျော်ကြာမြင့်ခဲ့ပြီး ပဲနွယ်ကုန်း၊ ကညွတ်ကွင်း၊ ကျောက်တံခါးမြို့အပါအဝင် ပဲခူတိုင်းအတွင်းရှိ မီးငြှိမ်းသတ်ယာဥ်များ၊ ရေသယ်ယာဥ်နှင့်ပရဟိတအဖွဲ့များက ပူးပေါင်းပါဝင် ငြှိမ်းသတ်ခဲ့ကြသည်။

အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ အသေးစိတ်ကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *