၂. ၄. ၂၀၂၄
Written By Thandar
အပြုံးလေးနဲ့ဖေးမကူ OPPO ရဲ့ ရေအလှူမင်္ဂလာ အခမ်းအနားကို ယနေ့ ဧပြီ ၂ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) လေးထောင့်ကန်ကျေးရွာမှာ ကျင်းပခဲ့ရာ OPPO ရဲ့ Brand Ambassador ပိုင်တံခွန် ၊ Bunny Foodie, ထက်သစ္စာ ၊ အင်ကြင်းခိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။
“OPPO Myanmar ကနေ ၂၀၂၀ ကစပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ရေရှားပါးနေတဲ့နေရာမှာ ရေသန့်၊ ရေတွင်းလှူပေးနေတာဆိုရင် ၁၂ တွင်းမြောက်ရှိပါပြီ။ ရေလှူဒါန်းမှုနဲ့ပတ်သက်ပြီး အမေကလည်း ကျွန်တော့်ကို ရေလှူဖို့ပြောထားတယ်။ ခုလည်း ရေလှူဖို့ အတော်လေးဖြစ်သွားလို့ ပီတိလည်းဖြစ်ရပါတယ်” လို့ OPPO Ambassador ပိုင်တံခွန်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ပင့်သံဃာ ဆရာတော်တွေက နမော တဿသုံးကြိမ်ရွတ်ဖတ်ကာ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး ဖိတ်ကြားထားတဲ့ အနုပညာရှင်နဲ့ ဧည့်သည်တော်တွေက တရားတော်နာယူ ရေစက်သွန်းချခဲ့ကြပါတယ်။
“အစ်မတို့ ဒီနေရာက ဒီလိုကာလကစပြီး နေအရမ်းပူတော့ သောက်သုံးရေ ရှားပါးတာပါ။ နှစ်စဉ်ကြုံတွေ့နေရတဲ့ ပြဿ နာပေါ့။ ခုကတော့ တော်တော်လေး ပီတိဖြစ်ရပါတယ်။ အရင်ချိန်တွေဆိုရင် ရေသန့်မှာရင် အရမ်းဝေးတော့ လာမပို့ပေးတာတွေလည်းရှိတယ်လေ။ ခုကတော့ ဘယ်အချိန်ဖြစ်ဖြစ် ရေသန့်သောက်သုံးရေရတော့ တော်တော်အဆင်ပြေသွားပါတယ်” လို့ လေးထောင့်ကန်ကျေးရွာနေသူ တစ်ဦးကပြောပါတယ်။
ဆက်လက်၍ တောင်ဒဂုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဥတ္တရာရာမကျောင်းတိုက်ရှိ ဦးစီးပဓာန နာယက ဆရာတော် သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်ပူဇော်ခဲ့ကာ ကျပ်သိန်း ၂၀ လှူဒါန်းခဲ့ကြပါတယ်။