၂. ၄. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်သုံးဦးကို ရွှေဘို PDF နှစ်ဖွဲ့ပေါင်းပြီး ပစ်သတ်လိုက်တယ်လို့ သတ်ဖြတ်ကြတဲ့ Shwebo Crocodile အဖွဲ့နဲ့ ရွှေဘိုပကဖက ထုတ်ပြန်ကြပါတယ်။

ဒီသတ်ဖြတ်မှုကို ဧပြီ ၁ ရက်နေ့ မနက် ၆ နာရီခန့်မှာ ရွှေဘိုမြို့ စတိုင် (၁) လက်ဖက်ရည်ဆိုင် ထိုင်နေသည့် စအဖတပ်ဖွဲ့က ဦးစန်းနိုင်၊ ရဲတပ်ကြပ်ကြီး အောင်ဖြိုးမင်းနဲ့ NDA ငြိမ်းချမ်းရေးတပ်ဖွဲ့ရ သန့်ဇင်ဦး ဆိုသူတို့ကို PDF နှစ်ဖွဲ့က အလစ်မှာဝင်ပစ်လို့ သုံးယောက်စလုံးသေဆုံးသွားတယ်လို့ပြောပါတယ်။

သေဆုံးသူ ၃ ဦးဟာ လူငယ်တွေ စစ်မှုထမ်းဖို့ လူစုဆောင်းပေးနေသူတွေလို့ ရွှေဘို PDF တွေကပြောပြီး PDF သတင်းကို စုံစမ်းပြီး တပ်ထံ ပေးပို့နေသူတွေဖြစ်သလို ဒီတိုက်ခိုက်မှုအတွင်း SIG 9 mm ပစ္စတို ၁ လက်နဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပြီး ဒီတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့ Shwebo Crocodile အဖွဲ့က PDF တွေ လုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *