၃၀.၃.၂၀၂၄
Written by KL

လူမရှိဘဲ လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာက အပူလွန်ကဲပြီး နေအိမ်သုံးလုံးမီးလောင်မှု တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ဘူတာလမ်းမှာ မတ်လ ၃၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

အလျား ပေ ၃၀၊ အနံ ပေ ၃၀ ရှိတဲ့ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ်တစ်လုံးမှာ ထမင်းပေါင်းအိုးအပူလွန်ကဲပြီး ဘေးမှာရှိတဲ့ အဝတ်စနဲ့ ပျဥ်ပြားတွေကို စတင်ကူးစက်ပြီး နှစ်ထပ်နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ စစ်ဆေးသူတွေရဲ့အတည်ပြုချက်အရ သိရပါတယ်။

မီးလောင်မှုဟာ မိနစ် ၄၀ နီးပါး ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၁၀ စီး၊ ရေသယ်ယာဥ် ၈ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၈၀ ကျော်နဲ့ငြှိမ်းသတ်ခဲ့ပါတယ်။

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက် ၅၀ ကျော် အမျိုးသားကို တိုက်ကြီးမြို့မရဲစခန်းက ပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ကာ အရေးယူထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News