MT News
၃၀. ၃. ၂၀၂၄

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ခေတ်အဆက်ဆက်က မှတ်တမ်းဓာတ်ပုံတွေ၊ ထူးခြားထင်ရှား နေရာဌာနတွေနဲ့ ကြည်ညိုဖွယ်ရာပုံတော်တွေကို ဘုရားဖူးလာအများပြည်သူတို့ လေ့လာကြည့်ရှု ကြည်ညိုပူဇော်နိုင်ဖို့အတွက် လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံ အမည်ရတဲ့ ဓာတ်ပုံပြပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်တော်မှာ ပြုလုပ်နေပါတယ်။

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပတဲ့ လောကကောင်းကျိုး သယ်ပိုးပြည့်စုံ မြတ်ရွှေတိဂုံပြပွဲကြီးကို မတ်လ ၂၉ ရက်ကနေ ဧပြီ ၄ ရက်အထိ စေတီတော်ရင်ပြင် မြောက်ဘက်(ရာဟုထောင့်) ချမ်းသာကြီးတန်ဆောင်းမှာ မနက် ၅ နာရီကနေ ည ၉ နာရီအထိ ဘုရားဖူးလာအများပြည်သူတို့ ကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပြသနေတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *