၃၀. ၃. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရှမ်းတဲကြီးကျေးရွာ၊ အမှတ် (၂) လမ်းမကြီး၊ မိုင်တိုင် ၂၂ မိုင် ၆ ဖာလုံ အကျော်မှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို လိုက်ထရပ်ယာဥ်က နောက်က ဝင်တိုက်ရာမှ လိုက်ထရပ်ယာဥ်နောက်လိုက်တစ်ဦးသေဆုံးခဲ့မှု မတ်လ ၂၉ ရက် ည ၁၀ နာရီ ၅၀ မိနစ်က ဖြစ်ပွားခဲ့ပါတယ်။

ဆားတလင်းကျေးရွာဘက်ကနေ လေးထောင့်ကန်ဘက်ကိုမောင်းနှင်လာတဲ့ အသက် ၃၀ အရွယ် ဦးအောင်နိုင်မောင်းလာပြီး ယာဥ်နောက်လိုက်တစ်ဦးလိုက်ပါလာတဲ့ လိုက်ထရပ်ကားဟာ အရှိန်မထိန်းနိုင်ဘဲ လားရာတူယာဥ်ကြောအတိုင်းလမ်းရဲ့ညာဘက်မှာ အချက်ပြမီးဖွင့်ပြီး ရပ်ထားတဲ့ ၁၂ ဘီးကားကို အနောက်ကနေဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

ယာဥ်တိုက်မှုကြောင့် လိုက်ထရပ်ကားခေါင်းခန်းထဲမှာ ညပ်နေတဲ့ အသက် ၂၇ နှစ်အရွယ် ယာဥ်နောက်လိုက် ကိုခင်မောင်ထွေးကို လှည်းကူးမြို့နယ်မီးသတ်စခန်းက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက မိနစ် ၄၀ ကျော်ကြာ ခက်ခက်ခဲခဲနဲ့ကယ်ထုတ်ခဲ့ပေမယ့် ယာဥ်နောက်လိုက်ကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ယာဥ်နောက်လိုက်ရဲ့ ရုပ်အလောင်းကိုတော့ Medical လူငယ်များ ပရဟိတအသင်းရဲ့ သူနာတင်ယာဥ်နဲ့ ဒါးပိန်တိုက်နယ်ဆေးရုံကို ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *