April 27, 2024

၂၈.၃.၂၀၂၄
Written By Thandar

Taurus V Production က စိတ်ဝင်စားစရာဇာတ်လမ်းပုံစံ“မှော်ဝင်ဖိတ်စာ” ဇာတ်လမ်းတွဲ Premiere Show ကို ယနေ့ မတ်လ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ Time City မှာ ကျင်းပခဲ့ပါတယ်။

“အေးမြတ်သူက ဒီကားမှာလင်ထိပ်ထားစံပေါ့။ ယောက်ျားမျက်နှာကိုကြည့်ပြီး ယောက်ျားစိတ်ချမ်းသာဖို့ပဲ။ ယောက်ျားဘာမှမလုပ်နဲ့ ကိုယ်ပဲ အကုန်လုပ်မယ်ပေါ့။ လင်ထိပ်ထားစံဆိုတဲ့ ရွှန်းပပဆိုတဲ့ ချစ်စရာကောင်းတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ ဖိတ်စာလေးတစ်စောင်နဲ့ ပတ်သက်တဲ့ ဇာတ်အိမ်တည်ထားတာပါ။ ဒီဇာတ်ကားမှာ ပရိသတ် မထင်မှတ်ထားတဲ့ အကြောင်းအရာမြင်တွေ့ရမှာပါ” လို့ အကယ်ဒမီ အေးမြတ်သူက ပြောပါတယ်။

အပိုင်း ၁၀ ပိုင်းစာပါဝင်မယ့် ဇာတ်လမ်းတွဲကို ဇာတ်ညွှန်းပိုင်းကို ဒီဒီထက်အောင်က ရေးသားပြီး ဇာတ်လမ်းနဲ့ ဒါရိုက်တာ ကောင်းဇံက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင် ၊ ဝင်းခန့်မိုး ၊ အကယ်ဒမီ အေးမြတ်သူ ၊ အကယ်ဒမီ ခင်ဝင့်ဝါ ၊ Lဘောင်နူး ၊ အကယ်ဒမီ ချိုပြုံး ၊ ခိုင်နှင်းဝေ ၊ ကျော်ထူး ၊ ဗေဒါ စတဲ့ အနုပညာရှင်တွေနဲ့ ရိုက်ကူးပါတယ်။

“မှော်ဝင်ဖိတ်စာ” ရုပ်သံဇာတ်လမ်းတွဲကို လာမယ့် မတ်လ ၃၁ ရက်နေ့ကစတင်ပြီး အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း HEY Play Application, HEY Play YouTube Channel နဲ့ Channel 7 ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *