April 27, 2024

MT News
၂၈. ၃. ၂၀၂၄

၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်နှင့် ပြည်သူ့ရင်ပြင်​ရေကစားမဏ္ဍပ်နှင့် လမ်း​လျှောက်သင်္ကြန်ကျင်းပ​ရေးကြိုတင်ပြင်ဆင်​နေပြီး အဆိုပါလမ်းလျှောက်သင်္ကြန်များတွင် စားသောက် ဆိုင်ခန်း ၁၅၀ ကိုလည်း ထည့်သွင်းသွားမည်ဖြစ်သည်။

မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်သည် အလျား ၉၄ ​ပေ၊ အနံ ၄၈ ​ပေရှိပြီး ​ရေကစားမဏ္ဍပ်သည်အလျား ၁၁၀ ​ပေ၊ အနံ ၂၄ ​ပေရှိ​ကြောင်း သိရသည်။ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်ပွဲခင်းကိုလည်း ပြင်ဆင်နေပြီး အလျား ၄၀ ​ပေ၊ အနံ ၁၆ ​ပေ၊ အမြင့် ၄ ​ပေရှိဖျော်​ဖြေ​ရေးမဏ္ဍပ်တည်​ဆောက်​နေသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် လမ်းတစ်လျှောက်ရေမှုန်ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်များ၊ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်တို့နှင့်အတူ စားသောက်ဆိုင်ခန်း​ပေါင်း (၁၅၀)ပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ ၁၃၈၅ ခုနှစ် မဟာသင်္ကြန်​ရေသဘင်ပွဲ​တော် ပြည်သူ့ရင်ပြင်​ ရေကစားမဏ္ဍပ်နှင့် လမ်း​လျှောက်သင်္ကြန်တွင်လည်း ရေမှုန်​ရေမွှား‌ လျှောက်လမ်းများ​နှင့်​ ရောင်စုံထီးများဖြင့်အလှဆင်​ဆောင်ရွက်​နေမှု၊​ ရေကစားမဏ္ဍပ်များနှင့်ဖျော်​ဖြေ​ရေးမဏ္ဍပ်တည်​ဆောက်​နေမှု၊​ တောင်ထန်းတဲများ​နေရာချထားမှု၊​ ရေပိုက်များသွယ်တန်း​နေပြီး မြို့တော်ဝန်ဦးဗိုလ်ဌေးက ယမန်နေ့တွင် သွားရောက်စစ်ဆေးစဥ် ရေကစားမဏ္ဍပ်များနှင့်ဖျော်​ဖြေ​ရေးမဏ္ဍပ်များအား ကြံ့ခိုင်ကောင်းမွန်အောင်တည်ဆောက်ရန်၊ မြန်မာ့ရိုးရာ သင်္ကြန်သင်္ကေတ ဖြစ်သည့် အုန်းလက်များဖြင့် အလှဆင်ရန်၊ ပြည်သူများစိတ်​အေးချမ်း​မြေ့စွာ​ရေကစားနိုင်​ရေး တာဝန်ရှိသူများက ပူး​ပေါင်း​ဆောင်ရွက်ကြရန် မှာကြားထားသည်။

ပုံစာ။ ယခုနှစ် ရန်ကုန်လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်မှုမြင်ကွင်းများ(News & Photo Ref., YCDC)

Leave a Reply

Your email address will not be published. Required fields are marked *