April 27, 2024

၂၈.၂.၂၀၂၄
Written By Thandar

မင်္ဂလာဆောင်လုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ LGBT တွေရဲ့ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ Zealax  Hotel & Residence မှာ ကျင်းပခဲ့ပါတယ်။

“ဒါကတော့ သုသုတို့ရဲ့ သင်ဆရာမြင်ဆရာတွေရဲ့ သက်ကြီးကန်တော့ပွဲကို တတိယကြိမ်လုပ်တာပါ။ ကိုယ့်ဆရာသမားတွေကို ကန်တော့ရတာမို့လည်း ပီတိဖြစ်ပါတယ်။ ဝမ်းလည်းသာပါတယ်။ တစ်ချိန်ချိန်မှာ ကိုယ့်လည်း ဒီလိုနေရာတစ်ခုကို ရောက်လာမှာပါပဲလေ။ ဒီ့အတွက် ကြိုတင်ပြုဆင်မှုလေးတွေတချို့ လုပ်နေပါတယ်။ အခုကတော့ ကိုယ်က ကန်တော့ခံထဲ မပါပေမယ့် တစ်ချိန်တော့ ကန်တော့ခံအရွယ်ရောက်လာမှာပါပဲ” လို့ Makeup Artist ညီညီမောင်(စမ်းချောင်း) သုသုကပြောပါတယ်။

ဒီအခမ်းအနားမှာတော့ မူလ မိုးကြိုးငှက်ငယ်လေးများအဖွဲ့အပြင် အဆိုတော် ဇွဲပြည့်၊ မိုခမ်း၊ ဇွန်ဝေယံ၊ သက်မှူးခင်နဲ့ လင်းဇာနည်ဇော်တို့က ဖျော်ဖြေခဲ့ကြပါတယ်။

ကန်တော့ခံများအနေနဲ့ သက်ကြီး ၄၈ ဦးကို တစ်ဦးကိုကျပ် ၃ သိန်း သတ်မှတ်ပြီး တခြားလှူဖွယ်ပစ္စည်းတွေထည့်သွင်း ကန်တော့ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီသက်ကြီးပူဇော်ပွဲကို Makeup Artist တွေဖြစ်ကြတဲ့ ကိုသာဂိ၊ ခင်စန်းဝင်း၊ သုသု၊ လင်းလင်း ၊ မိတ်ကပ်မေသန်း ၊ မိတ်ကပ်မျိုးမြတ် ၊ မိတ်ကပ်ဆန်နီ ၊ ဒီဇိုင်နာမျိုးမင်းစိုး ၊ မာမီကျော် စတဲ့သူ‌တွေတက်ရောက်ခဲ့ကြပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *