April 27, 2024

၂၈. ၃. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်(၁၈/၁၉)ရပ်ကွက်၊ ကနောင်(၁၄)လမ်းနှင့် ကံကော်လမ်းထောင့် SHIN SUNG အထည်ချုပ်စက်ရုံတွင် ယနေ့ (မတ်လ၂၈ရက်)နံနက် ၆ နာရီ ၅၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

စက်ရုံမီးလောင်မှုမှာ အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ ဘွိုင်လာအိုးအသုံးပြုစဥ် မီးပွားထွက်၍ မီးမွှေးရန်အသုံးပြုသည့် လောင်စာအမှိုက်များပေါ်သို့ကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ကျော်ကြာမြင့်ခဲ့ပြီး အလျားပေ ၂၀၊ အနံပေ ၂၀ ရှိ သွပ်မိုးအုပ်ညှပ် ၁ ထပ်အဆောက်အအုံနှင့် အမှိုက်များ မီးလောင်ခဲ့သည်။

မီး​လောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၉ စီး၊ ရေသယ်ယာဥ် ၅ စီး မီးသတ်တပ်ဖွဲ့ဝင် ၆၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် အသက် ၃၈ နှစ်အရွယ် အမျိုးသားကို ရွှေပေါက်ကံနယ်မြေရဲစခန်းက ပုဒ်မ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *