April 28, 2024

၂၇. ၃. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF နှစ်ဖွဲ့ပေါင်းပြီး နေအိမ်ထဲအထိ ဝင်ရောက်ပစ်သတ်ပေမဲ့ လွတ်မြောက်သွားခဲ့တယ်လို့ လုပ်ကြံသတ်ဖြတ်တဲ့ PDF နှစ်ဖွဲ့က ပြောပါတယ်။

မတ်လ ၂၆ ရက် နေ့လယ် ၁ နာရီခန့်မှာ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဇော်မင်းမိုးကို PDF နှစ်ဖွဲ့ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်ခဲ့ပေမဲ့လည်း ဦးဇော်မင်းမိုးက ပြန်လည်ခုခံပစ်ခတ်ခဲ့လို့ PDF တွေ မတိုးရဲဖြစ်နေချိန်မှာ ဦးဇော်မင်းမိုးက တိမ်းရှောင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဥ်မှာ အုပ်ချုပ်ရေးမှူးဆီက ကာဘိုင်‌သေနက် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ ကာဘိုင်ကျည် ၄၃ တောင့် သိမ်းဆည်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးတစ်ယောက်ကို PDF နှစ်ဖွဲ့ပေါင်းပြီး တိုက်ခိုက်ကြမှုကိုတော့ Hero Defence Force (မြင်းခြံ) နဲ့ ရွှေဂျိူးဖြူ – ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) ညီနောင်မဟာမိတ်နှစ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *