၂၇. ၃. ၂၀၂၄
Written by Nvay Moe

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ထီးကပလယ် စစ်စခန်းကို ကော်သူးလေတပ်မတော် (KTLA) အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ မတ်လ၊ ၁၂ ရက်နေ့က စတင်ပြီး စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေတာ ယနေ့အချိန်အထိ (၁၅) ရက် ကြာမြင့်ပြီ ဖြစ်ပေမဲ့ သိမ်းနိုင်ဖို့ခက်ခဲနေတယ်လို့ KTLA က ဒီနေ့မှာ ဝန်ခံပြောကြားပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲကို ကော်သူးလေတပ်မတော်က Black Rainbow တပ်ရင်း၊ Tiger တပ်ရင်း၊ ကဆောဝါးတပ်ရင်း၊ KTLA အထူးကွန်မန်ဒို တပ်ရင်း ၊ Karen Special Black Forces တပ်ရင်းနဲ့ ဗဟိုဌာနချုပ်တို့ ပါဝင်တဲ့ ဗျူဟာစစ်ကြောင်း (၂) ကြောင်းအပြင် KNLA (၁၀၃) တပ်ရင်း၊ DKBA ခွဲထွက်တို ပူးပေါင်းတိုက်ခိုက်နေတာပါ။

စခန်းသိမ်းတိုက်ပွဲကာလအတွင်း ကော်သူးလေတပ်မတော် ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စခန်းကုန်းပေါ်ထိ တက်ရောက်ကာ တိုက်ပွဲဆင်နွှဲနိုင်ခဲ့ပေမဲ့ တပ်ဘက်က ဝေါ်လေဗျူဟာကုန်းမှာ အထိုင်ချထားတဲ့ ၁၂၂ မမ ဟောင်ဝစ်ဇာအမြောက်ကြီးနဲ့ ပစ်ကူပေးနေတာ၊ လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်တိုင် ပြုလုပ်ခဲ့ခြင်းတာကြောင့် အပြီးသတ် သိမ်းပိုက်ဖို့ ခက်ခဲတဲ့ အနေအထားမှာ ရှိနေဆဲဖြစ်နေတယ်လို့ KTLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *