၂၆.၃.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မဟာသုခိတာလမ်းရှိ ရေမြောင်းစပ်တွင် မတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က ပုပ်ပွသေဆုံးနေသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။​

သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးသူရအောင်ဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း၊ သေဆုံးသူတွင် ပြင်ပဒဏ်ရာ မတွေ့ရှိရကြောင်း အလောင်းသွားရောက် သယ်ဆောင်ကူညီပေးသည့် တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

“ရေမြောင်းအစပ်မှာ ​မှောက်လျက်ကျပြီး သေဆုံးနေတာ။ သေတာက သုံးရက်လောက်ရှိပြီလို့ ယူဆရတယ်။ အသားက ရိနေပြီ။ အလောင်းကို အိတ်ထဲ ထည့်ဖို့တောင် ထိန်းထည့်ရတယ် “ဟု အလောင်းသယ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မိသားစု​ဖြင့် ချိတ်ဆက်ကာ တွဲလက်လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင် ၄ ဦးက အင်းစိန်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ ဆေးရုံက ပီအာရ် ၂၅ ဖြင့် လက်ခံထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *