တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ဆော်ဒီအာရေဗျဘုရင် ဆာလ်မန် ဘင် အဗ္ဗဒူလာဇစ် တို့ ရီးယာ့ဒ်မြို့တွင် ဒီဇင်ဘာလ ၈ ရက် က သဘောတူညီမှုများလက်မှတ်ရေးထိုးစဉ်။

၉.၁၂. ၂၀၂၂
Translated by Htwe Ko Tun

တရုတ်သမ္မတရှီကျင့်ဖိန်၏ ဆော်ဒီအာရေဗျနိုင်ငံသို့ အလည်အပတ်အရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုအတွက် သဘောတူညီချက် ၃၄ ခုကို လက်မှတ်ရေးထိုခဲ့ကြကြောင်း သိရသည်။

၎င်းတို့တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပြန်ကြားရေးနည်းပညာ၊ အင်တာနက်မှဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများပါဝင်ကြောင်း သိရသည်။

သဘောတူညီချက်များနှင့်ပတ်သက်၍ စာရင်းဇယား တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသော်လည်း အစောပိုင်းပြောကြားချက်များအရ နှစ်နိုင်ငံအကြား သဘောတူညီမှု အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ဖိုး လက်မှတ်ထိုးကြလိမ့်မည်ဟုလည်း သတင်းများက ဆိုသည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာလည်း မြင့်တက်လျက်ရှိရာ ၂၀၁၇ ခုနှစ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၁၄ ဘီလျံရှိခဲ့ရာမှ ငါးနှစ်အကြာ ၂၀၂၁ ခုနှစ်တွင် ၈၇ ဒသမ ၂၉ ဘီလျံသို့ တိုးတက်လာကြောင်းလည်း တရုတ်အစိုးရ၏ စာရင်းဇယားများက ဖော်ပြခဲ့သည်။

Ref-Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News