၂၀.၃.၂၀၂၄
Written By Thandar

နာမည်ကြီးမင်းသား ၄ လက်ဖြစ်တဲ့ အောင်ရဲလင်း၊ ဟိန်းဝေယံ၊ ရဲရင့်အောင်၊ အေးချမ်းမောင်တို့ထဲက ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်တစ်ဦးနဲ့ Date ခွင့်ရဖို့အတွက် TV အစီအစဉ်မှာ ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရမယ့် Dating TV Show တစ်ခု မကြာခင် ထုတ်လွှင့်မယ်လို့ သိရပါတယ်။

“ဒီအစီအစဥ်လေးကတော့ အသစ်အဆန်းလေးတစ်ခုပေါ့။ ပရိသတ်တွေတိုင်းကလည်း ကိုယ်ချစ်ခင်အားပေးတဲ့ အနုပညာရှင်ကို တွေ့ချင်ကြတာပဲလေ။ ဒါကြောင့် အပြင်မှာ လူကိုယ်တိုင် တွေ့ခွင့်လည်းရမယ်။ ပရိသတ်တွေအနေနဲ့ Date With Me? အစီအစဉ်မှာပါဝင်ရင်းနဲ့ ကိုယ်ချစ်တဲ့ အနုပညာရှင်နဲ့လည်း Romantic Date လေး ဒိတ်ခွင့်ရမဲ့အပြင် ဆုလက်ဆောင်လည်း ပိုင်ဆိုင်ခွင့်ရမှာမို့ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ” လို့ ပွဲစီစဉ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါတွေ့ဆုံပွဲအတွက် ရွေးချယ်မှုအပိုင်းမှာတော့ အနုပညာရှင်ကိုယ်တိုင် ပြိုင်ပွဲဝင်တွေထဲက တစ်ဦးကို အဆင့်တိုင်း အဆင့်တိုင်း Blind Date ရွေးချယ်မှာဖြစ်တဲ့အတွက် မည်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒီအစီအစဥ်မှာ ပါဝင်သူတွေကတော့ ရိုက်ကူးရေးအတွက် အချိန်ပေးရမှာဖြစ်သလို ပြိုင်ပွဲကာလတစ်လျှောက် နေရေး၊ စားရေး၊ အဝတ်အစား၊ မိတ်ကပ်အားလုံးကို Date with ME? TV Show က တာဝန်ယူသွားမှာဖြစ်သလို ဘယ်လိုငွေကြေးမှ Date with ME? အစီအစဉ်ကို ပေးစရာမလိုအပ်ဘူးလို့ သိရပါတယ်။

Date with ME? TV Show က နောက်ဆုံး Date ခွင့်ရသူတစ်ယောက်က ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်နဲ့ Date ခွင့်ရမှာဖြစ်ပြီး တန်ဖိုးကြီး ဆုလက်ဆောင်များလည်း ရရှိမှာဖြစ်ပါတယ်။ ပါဝင်သူတွေအနေနဲ့ လျှောက်လွှာတွေကို https://forms.gle/QSLpL72rh3ZHZZS66 ကနေ ဖောင်ဖြည့်တဲ့အခါ အနုပညာရှင်ဘယ်သူနဲ့ Date ချင်လဲဆိုတာကို တခါတည်းဖြည့်သွင်းရမှာဖြစ်ပါတယ်။ ကိုယ်တိုင်လာရောက် လျှောက်လိုသူတွေအနေနဲ့ ရန်ကုန်၊ မန္တလေး Shopping Center တချို့မှာရှိတဲ့ Date with ME? Booth တွေမှာ လျှောက်ထားလို့ရတယ်လို့ သိရပါတယ်။

ဒါ့ပြင် အသေးစိတ်ကိုလည်း Date With Me? Facebook Page မှာမေး မြန်းနိုင်တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *