၂၀. ၃ .၂၀၂၄
Written by Hey Mar

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်ချို-ရပ်စောက်လမ်းမကြီး၊ တောင်အဆင်းလမ်းမှာ ၁၂ ဘီးယာဥ် ဆီဘောက်ဆာကား ပေလေးရာခန့်နက်တဲ့ ချောက်ထဲ ပြုတ်ကျခဲ့တာကြောင့် ယာဥ်မောင်းဖြစ်သူ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က မတ်လ ၁၉ ရက် နေ့လည် ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ဒေသခံပရဟိတအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က နောင်ချိုမြို့နယ်၊ နောင်ချို – ရပ်စောက်လမ်းမကြီး ဒုဌဝတီအဆင်းလမ်း လေးထပ်ကွေ့ မှာ နေ့လည် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ပြီး ရပ်စောက်ကနေ နောင်ချိုကို အသွား ၁၂ ဘီးယာဥ် ဆီဘောက်ဆာကား နောက်ပြန်လိမ့်ကာ‌ ပေ ၄၀၀ ခန့်နက်တဲ့ ချောက်ထဲ ကျသွားခဲ့တာလို့ သိရပါတယ်။

အဆိုပါမတော်တဆမှုဖြစ်စဥ်ကြောင့် ယာဥ်မောင်းဖြစ်တဲ့ အသက် ၃၅ နှစ်ဝန်းကျင်အရွယ် အမျိုးသားမှာ ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာနဲ့ နေရာတင်သေဆုံးခဲ့တာကြောင့်သေဆုံးသူကို မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)နဲ့ တောင်ရှည် မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းကာ အခင်းဖြစ်ပွားရာနေရာကနေ ခက်ခက်ခဲခဲဆယ်ထုတ်ခဲ့ရပြီး နောင်ချိုပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *