၁၉.၃.၂၀၂၄
Written By Thandar

လပ်ကီးဆဲဗင်းထုတ်လုပ်ရေးက ပရလောကရဲ့ အချစ်မေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ “ကဝေ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို ယနေ့ မတ်လ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“တံငါ အလုပ်နဲ့ လုပ်ကိုင်စားသောက်ကြတဲ့ မိသားစုပေါ့။ ဝတ္ထုရဲ့ ဇာတ်ကောင်အတိုင်း သက်မွန်မြင့်ကို ပေါက်စ ကာရိုက်တာ ပီပြင်ခဲ့ပါတယ်။ ဦး ရိုက်ကူးနေကြ ကာရိုက်တာတွေနဲ့လည်း မတူဘူး။ တမူထူးခြားတဲ့ကားလေးပါ။ သရဲကားတွေကို အရင်က ဟာသဆန်ဆန်ရိုက်ခဲ့ပေမယ့် ဒီကားမှာတော့ ပရိသတ်ကြည့်ရင် ရသတစ်မျိုးတော့ ခံစားရမှာပါ။ သက်မွန်က လက်မောင်းဒဏ်ရာရပြီ နောက်ပိုင်း ဘူးသွင်းကြတာပေါ့” လို့ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး) က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဝတ္ထုဇာတ်လမ်း သတိုးတေဇ၊ ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင် ၊ ရိုက်ကွင်း ဇာတ်ညွှန်း မင်းကိုစိုး(နတ်သံကွင်း) ၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး) က သမားရိုးကျ ဇာတ်လမ်းတွေက ခွဲထွက်လာတဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ ပရေလောကနဲ့ ချစ်ခြင်းမေတ္တာ ဇာတ်လမ်းပုံစံကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ဂန့်ဂေါဒေသဘက်မှာ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

ဒီဇာတ်ကားမှာတော့ အကယ်ဒမီမြင့်မြတ်  အကယ်ဒမီ သက်မွန်မြင့်၊ စပယ်မိုး၊ ခြူးလေးတို့က အဓိက သရုပ်ဆောင်ထားကြပြီး တခြားအနုပညာရှင်များစွာလည်း ပါဝင်အားဖြည့်ထားကြပါတယ်။

“ကဝေ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် မတ်လ၂၂ ရက်နေ့မှာ တစ်ပြည်လုံးက အဆင့်မြင့်ရုပ်ရှင်ရုံကြီးတွေမှာ စတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *