၂၀. ၃. ၂၀၂၄
Written by Hey Mar

ဒေါပုံနဲ့ ဝါဆိုကို ဆက်သွယ်ထားတဲ့ ဂျပန်တံတားအဟောင်းပေါ်ကနေ အသက် ၆၀ ဝန်းကျင် အမျိုးသမီးကြီးတစ်ဦးပြုတ်ကျသေဆုံးတဲ့ ဖြစ်စဥ် (ခုန်ချတယ်လို့ ယူဆရ) ဒီနေ့မနက် မတ်လ ၂၀ ရက်နေ့ အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းတွေထံကနေ သိရပါတယ်။

ပြုတ်ကျသေဆုံးရတဲ့ ဖြစ်စဥ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး အလောင်းကို တံတားပေါ်ဖြတ်သန်းသွားလာသူတချို့က တွေ့မြင်ရာက လူမှုကူညီရေး အသင်းတွေဆီ ဆက်သယ်အကြောင်းကြားတာလို့ လူသားခြင်းစာနာထောက်ထားမှု အထောက်အကူပြုအဖွဲ့ (ဘဘကြီး) ထံကနေ သိရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ပြုတ်ကျပြီး ရေထဲမကျဘဲ တံတား ရေလည်တိုင် အုတ်ခုံပေါ်ကျတာပါ။ ကျွန်တော်တို့အဖွဲ့တွေ ကြိုးနဲ့ တွယ်ဆင်းပြီး အလောင်းကို Body အိတ်ထဲ ထည့်တယ်။ ပြီးတော့ ကြိုးနဲ့ပဲ အပေါ်ကို ပြန်ဆွဲတင်ပါတယ်။ သေဆုံးသူက ဘယ်သူ ၊ ဘယ်ကမှန်း မသိရသေးပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေဆဲပါ”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *