၁၉. ၃. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ လူငယ်တွေ စစ်မှုထမ်းဖို့ အသံချဲ့စက်နဲ့ နှိုးဆော်နေတဲ့ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်လာပါတယ်။

ဖြစ်စဥ်က မတ်လ ၁၈ ရက် ည ၁၀ နာရီခွဲခန့်မှာ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ပုခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးဟာ ကျေးရွာနေ ပြည်သူတွေကို အသံချဲ့စက်နဲ့ စစ်မှူထမ်းဖို့ နှိုးဆော်ရှင်းပြနေချိန် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အလစ်ဝင် ပစ်ခတ်လို့ ပွဲချင်းပြီး သေဆုံးခဲ့တာပါ။

စလင်း PDF တွေ အမှောင်ထဲက ချောင်းပစ်လို့ သေဆုံးသွားတဲ့ ပုခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးဆီကနေ လက်လုပ်ပစ္စတို သေနတ် ၁ လက်နဲ့ ဆက်သွယ်ရေးစက် ၁ လုံးကိုလည်း သိမ်းယူခဲ့တယ်လို့ စလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *