မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဥ်

၉. ၁၁. ၂၀၂၂

Written by Naing Thuta

မီးဖို၏မီးကြွင်းမီးကျန်မှတစ်ဆင့် ထရံအား မီးကူးစက်လောင်ကျွမ်းရာမှ နေအိမ် ၂ လုံးမီးလောင်ကျွမ်းမှု မကွေးမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မီးသွေးဖိုနဲ့ဟင်းချက်ပြီး ကျန်တဲ့မီးကြွင်းမီးကျန်ကနေ မီးစလောင်ခဲ့တာပါ။ အဲဒီကနေ ထရံကာကိုမီးကူးပြီး​ လောင်ရာကနေ အိမ် ၂ လုံးပါလောင်သွားတယ်။ အဲဒီဝန်းထဲမှာနေတဲ့ အိမ်ငှားကနေ စလောင်တာပါ” ဟု ရွာခံတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၄၃)ရှိ ယာခင်းထဲတွင် နေထိုင်သောအသက် ၅၄ နှစ်အရွယ် ဦး……တောင်သူပိုင်ဆိုင်သော ၂၀x၃ဝ သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်းနေအိမ် ၂ လုံးသည် မီးသွေးမီးဖိုဖြင့်အသုံးပြုသည့် မီးဖို၏မီးကြွင်းမီးကျန်မှတစ်ဆင့် ထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်ရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် ရွာသူ/ရွာသားများမှ မီးငြိမ်းသတ်ခဲ့ရာ ၁ နာရီခွဲတွင် မီးညွန့်ကျိုး၍ ၁ နာရီ ၃၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

၎င်းမီးလောင်မှုကြောင့် နေအိမ် ၂ လုံးမီးလောင်သွားခဲ့ပြီး လူ/တိရစ္ဆာန် သေဆုံးမှုမရှိပေ။ ထိုမီးလောင်သည့် နေအိမ်တွင် အိမ်ရှင် ကျား ၁ ဦး၊ မ ၁ ဦး၊ အိမ်ငှား ကျား ၃ ဦး၊ စုစုပေါင်း ကျား ၄ ဦး မ ၁ ဦးတို့နေထိုင်လျှက်ရှိကြပြီး အိမ်ငှားအဖြစ်နေထိုင်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးနေထိုင်သည့်အိမ်မှမီးစတင်လောင်ကျွမ်းခဲ့ကာ ၎င်းအား သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *