MT News

Written by Nay Aung

ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား မကြာမီလေကြောင်း တိုက်ရိုက်ပျံသန်းပြေးဆွဲသွားရန် စီစဉ်လျက်ရှိနေရာ ရုရှားနိုင်ငံအခြေစိုက် Ural Airlines လေကြောင်းလိုင်းသည် ရုရှားမြို့များနှင့် မြန်မာနိုင်ငံ မန္တလေးမြို့များအကြား လေကြောင်း ပျံသန်းပြေးဆွဲမှုများ ပြုလုပ်ရန်စီစဉ်ထားကြောင်း Interfax သတင်းဌာနကဖော်ပြထားသည်။

ထို့အပြင် မြန်မာ့လေကြောင်းလိုင်း Myanmar Airways International သည် ရန်ကုန်မြို့နှင့် မော်စကိုမြို့တို့ကို ကုန်စည် သယ်ယူပို့ဆောင်ရေး၊ ခရီးသည်ပို့ဆောင်ရေး လေကြောင်းခရီးစဉ်များ ပြေးဆွဲပျံသန်းဖွယ်ရှိနေကြောင်းသိရသည်။

ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီး မက်ဆင် ရှီရှာနီကောဗ့်က” လေကြောင်းတိုက်ရိုက်ပျံသန်းမှုတွေနဲ့ပတ်သက်ပြီး ကြီးမားတဲ့အလုပ်တွေလုပ်ဖို့ လိုအပ်တယ်။ နှစ်နိုင်ငံအကြား ပုံမှန် ထောက်ပံ့ပိုဆောင်ရေး တည် ထောင်ဖို့လိုအပ်တယ်။ ရုရှားနဲ့ မြန်မာနိုင်ငံကြားလေကြောင်း တိုက်ရိုက်ပျံသန်းဖို့ စီစဉ်နေတယ်” ဟုဆိုသည်။

ခရီးသွားကဏ္ဍတွင် နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုများက ရုရှားနိုင်ငံသားများကို ဆောင်းရာသီကာလအတွင်း သင့်တော်သည့်နှုန်းထားမျိုးဖြင့် အားလပ်ရက် အပန်းဖြေခရီးထွက်စေနိုင်ကြောင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများရှိနေသည့် ကြီးမားသည့်အထူးစီးပွားရေးဇုန် သုံးခုရှိနေရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်ကူဖြစ်စေမည်ဖြစ်ကြောင်းရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးက ဆိုသည်။

ရုရှားနိုင်ငံ Siberia ဒေသ၊ Far East ဒေသတို့မှ မြန်မာနိုင်ငံထံ လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲများလည်းပြုလုပ်ဖွယ်ရှိနေကြောင်းလည်း ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးကပြောသည်။

Ref , Interfax

Leave a Reply

Your email address will not be published. Required fields are marked *