◼️ နေတိုးနဲ့ ရုရှားကြား နျူစစ်ပွဲ တကယ်ဖြစ်ဖို့ ဟန်ပြင်နေပြီလား

၁၆. ၃. ၂၀၂၄
Translated by Htwe Ko Tun

အကယ်၍ ရုရှားအစိုးရအနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို နျူကလီးယားလက်နက်တို့ဖြင့် တိုက်ခိုက်လာမည်ဆိုပါက ရုရှားအနေဖြင့် ကြီးမားသောနောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရလိမ့် မည်ဟု အမေရိကန် လေတပ်အရာရှိဟောင်းတစ်ဦးက သတိပေးပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

အမေရိကန်လေတပ်၏ နျူကလီးယားနှင့် ဒုံးကျည်စစ်ဆင်ရေးဌာနတွင် လုပ်ကိုင်ခဲ့သူ ဂျိတ်ဘရိုးက ကျောချမ်းထိတ်လန့်ဖွယ် ဗီဒီယိုတစ်ခုကို လူမှုကွန်ရက် X တွင် ဖော်ပြခဲ့ရာ၌ နေတိုးက ရုရှားနိုင်ငံတစ်ဝန်း ပစ်မှတ်မြို့ကြီးများကို မည်သို့ဖျက်ဆီးနိုင်သည်ကို ပြသသွားခဲ့သည်။

၎င်းက “တကယ်လို့များ ရုရှားက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခုကို နျုကလီးယားလက်နက်နဲ့ တိုက်ခိုက်ခဲ့ရင် ပထမနာရီပိုင်းအတွင်း ရုရှားနိုင်ငံသား ၄၅ သန်းပျောက်သွားစေရမယ်။ ကျန်တဲ့ သန်း ၁၀၀ လောက်အတွင်းမှာ လည်း အသက်ရှင်ကျန်ရစ်သူ သိပ်ရှိမှာမဟုတ်ဘူး” လို့ပြောခဲ့သည်။

၎င်းက ရုရှားနိုင်ငံကို နေတိုးရဲ့နျူကလီယားတိုက်ခိုက်မှု ဆိုတဲ့ ဗီဒီယိုတစ်ခုကို အသွင်တူဖန်တီးကာ လူမှုကွန်ရက် X ကိုတင်ခဲ့တာပါပဲ။

ဒါ့ပြင် ဂျိတ်ဘရိုးက ရုရှားနိုင်ငံသားတွေအနေနဲ့ ပူတင်အပေါ်ထောက်ခံမှုတွေကို လျှော့ချပြီး ပဋိပက္ခအခြေအနေလျော့ကျလာအောင် ပြုလုပ်သွားသင့်ကြောင်းလည်း ပြောကြားခဲ့သည်။ A Nato Attack on Russia အမည်ရှိ အဆိုပါဗီဒီယိုမှာ နေတိုးဒုံးပျံတွေက ရုရှားနိုင်ငံတောင်ပိုင်း ကုန်သွယ်ဆိပ်ကမ်းမြို့တစ်မြို့ ဖြစ်တဲ့ ရော့စတော့ဗ်-အွန်-ဒွန် ကို‌ ကျရောက်လာကြတာပြသထားသည်ကို တွေ့ခဲ့ရသည်။

ထိုနောက်တွင် တိုက်ခိုက်မှုများက မြောက်ဘက် ယူကရိန်းနယ်စပ်နှင့် စိန့်ပီတာစဘာ့ဂ်မြို့တို့ကို ရောက်ရှိကာ ဒုံးကျည်အများအပြားက မော်စကိုနှင့် အခြားမြို့ကြီးများ အနီးကိုလည်း ကျရောက်ခဲ့သည်။ နောက်ဆုံးတွင် ရုရှား၏ အရှေ့ပိုင်း ဗလာဒီဗော့စတော့ခ်နှင့် ကာဘာရောဗ့်ခ် မြို့များကိုတိုက်ခိုက်ခဲ့မှုအား ဗီဒီယို၌ပြသသွားခဲ့သည်။။

ယခုရက်သတ္တပတ်အတွင်းမှာပင် ရုရှားသမ္မတ ပူတင်ကလည်း အမေရိကန်အနေနဲ့ ယူကရိန်းသို့ အမေရိကန်စစ် သားများမပို့ရန်၊ အမေရိကန်နှင့်ထိပ်တိုက်မတွေ့ဆုံလိုသော်လည်း ရုရှားအနေဖြင့် နျူကလီးယားစစ်ပွဲ အတွက် အဆင်သင့်ဖြစ်ကြောင်းပြောခဲ့သည်။ ပူတင်က ရုရှား၏နျူကလီးယား ဒုံးကျည်များကို နေတိုးနိုင်ငံများနှင့်ပိုနီးသေား ဘီလာရုစ်နိုင်ငံအတွင်းသို့လည်းရွှေ့ပြောင်းနေရာချထားခဲ့သည်။

Ref-The Mirror

Leave a Reply

Your email address will not be published. Required fields are marked *