၁၆. ၃. ၂၀၂၄
Written by Pan Ei

ဟောင်ကောင်အက်ရှင်မင်းသား ဂျက်ကီချန်းလို ရုပ်ရှင်ဂန္ထဝင်တွေကိုတောင်မှ အချိန်က သက်ညှာပေးခြင်း ရှိမနေပါဘူး။

တရုတ်နိုင်ငံ၊ စီချွမ်မြို့က ပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ဂျက်ကီချန်းရဲ့ ဆံပင်ဖြူဖွေးဖွေးနဲ့ အိုမင်းရင့်ရော်မှု လက္ခဏာတွေနဲ့ ပုံတွေဟာ မနေ့က အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့ရာမှာတော့ ပရိတ်သတ်တွေ တုန်လှုပ်ခဲ့ကြရပါတယ်။

လာမဲ့ ဧပြီလမှာ အသက် ၇၀ ပြည့်တော့မဲ့ ဂျက်ကီချန်းရဲ့ အခုလက်ရှိပုံရိပ်တွေဟာ လူအများအပြားရဲ့ ငယ်ဘဝတွေကို ဖုံးလွှမ်းနိုင်ခဲ့တဲ့ ပုံစံတွေနဲ့ ကွဲပြားနေခဲ့တာကြောင့် အင်တာနက်သုံးစွဲသူ ပရိသတ်တွေက နှမြောတသ ဝမ်းနည်းပြီး တုန်လှုပ်မိကြကြောင်း ဖော်ပြခဲ့ခြင်းဖြစ်ကာ ပွဲမှာတော့ သူဟာ တက်ကြွတဲ့ အမူအရာနဲ့ စိတ်ဓာတ်ကိုတော့ ထိန်းသိမ်းထားဆဲဖြစ်တယ်ဆိုတာ တွေ့ ပါတယ်။

တရုတ်နေ့စဉ်သတင်းစာ Lianhe Zaobao ရဲ့အဆိုအရ ဂျက်ကီချန်းဟာ Strange Family အမည်ရ ရုပ်ရှင်မှာ အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ သက်ကြီးရွယ်အိုတစ်ဦးအဖြစ် သရုပ်ဆောင်ထားတာကြောင့် အဲဒီကာရိုက်တာနဲ့ ဝင်ဆံ့နိုင်အောင် ပြင်ဆင်နေထိုင်နေတာ ဖြစ်နိုင်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

ဂျက်ကီချန်းဟာ ဆယ်စုနှစ် ခြောက်ခုကျော်ကြာ အက်ရှင်ဇာတ်ကားကောင်းပေါင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို သူ အသက်ကြီးလာတာတောင် တစ်နှစ်ကို အနည်းဆုံး ရုပ်ရှင်တစ်ကားမှာတော့ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ကျွမ်းကျင်မှုကို ထိန်းသိမ်းထားပါတယ်။

မကြာသေးမီက ဂျက်ကီချန်းနဲ့ BTS အဖွဲ့ဝင် V တို့ အင်ဒိုနီးရှားရင်းနှီးမြုပ်နှံမှုကုမ္ပဏီ SimInvest အတွက် ရိုက်ကူးထားတဲ့ ကြော်ငြာလည်း ထွက်ရှိခဲ့ပြီး ပရိသတ်တွေ သဘောကျ အားပေးခဲ့ကြပါသေးတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *