April 29, 2024

၁၆. ၃. ၂၀၂၄
Written by Thin Zar

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်နှင့်ကာမိုင်းမြို့တို့တွင် KIA/PDF များမှ လက်နက်ကြီးကျည်ဖြင့် ပစ်ချတိုက်ခိုက်၍ ပြည်သူ ၃ ဦးဒဏ်ရာရကာ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်များမှာ မတ်လ ၁၄ ရက် ည ၇ နာရီကျော်တွင် KIA/PDF များပစ်ခတ်သည့် လက်နက်ကြီးကျည်​ကြောင့် ကာမိုင်းမြို့၊ ကောင်ရာရပ်ကွက်တွင် နေထိုင်သည့် အသက် (၇၀) နှစ်အရွယ် ဦးအောင်လောဒ်နေအိမ်ခြံဝန်းနှင့် အသက် (၆၀) နှစ်အရွယ် ဒေါ်လုဂျာတို့၏ နေအိမ်ခြံဝန်းထဲသို့ ကျရောက်ပေါက်ကွဲရာ ထိုပြည်သူ(၂) ဦးမှာ ပေါက်ကွဲစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကာမိုင်းမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သည့် သားအဖနှစ်ဦးမှာ မတ်လ ၁၄ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးရှိ တောင်ယာခင်း၌ အလုပ်လုပ်နေစဥ်အတွင်း KIA/PDF များပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ထိုတောင်ယာအနီးသို့ ကျကောက်ပေါက်ကွဲရာ ဖခင်ဖြစ်သူ အသက်(၇၄) နှစ်အရွယ် ဦးမောင်မောင်မှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးပြီး၊ သားဖြစ်သူ အသက် (၃၂) နှစ်အရွယ် ဦးဌေးနိုင်မှာ ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *