၁၆. ၃. ၂၀၂၄
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်မှစတင်ဖြေဆိုခဲ့ရာ ယနေ့တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲ (၂) နောက်ဆုံးနေ့အဖြစ် ဆက်လက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ များပြားလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်က စတင်ဖြေဆိုခဲ့ပြီး ယနေ့တွင် သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာကိုလည်းကောင်း၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာအတွဲ(၂) နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာကိုလည်းကောင်း ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။

ယနေ့သည် စာမေးပွဲနောက်ဆုံးရက်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမှုများကြောင့် စားမေးပွဲကတ်များ ကျန်ခဲ့သည့် ကျောင်းသူကျောင်းသားများလည်း ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အ.ထ.က (၆) ဗိုလ်တထောင် ကျောင်းတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကျန်ခဲ့သည့် ကျောင်းသူများအတွက် မိဘများအိမ်သို့ ပြန်ယူရာတွင်လည်း ယာဉ်ထိန်းရဲများက အိမ်တိုင်ရာရောက် လိုက်ပို့ကူညီပေးခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်တွင် မြန်မာစာသာသာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဖြေဆိုကြရမည်ဖြစ်၍ မတ်လ ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရပြီး မတ်လ ၁၈ ရက်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ်လ ၁၉ ရက်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တို့ကို အသီးသီးဖြေဆိုကြရမည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်တွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ပြီး စာစစ်ဌာနပေါင်း ၇၉၄ ဌာနတို့တွင် စာရင်းရှိဦးရေမှာ ၁၄၆,၅၂၃ ဦးအနက် လာရောက်ဖြေဆိုသူ ဦးရေမှာ ၁၂၈,၈၀၁ ဦးရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူ ဖြေဆိုရာခိုင်နှုန်းမှာ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *