၁၆. ၃. ၂၀၂၄
Written by Thettant

မတ်လ ၁၅ ရက် ည ၇ နာရီခွဲအချိန်ခန့်က ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၁၉၇/၅-၆) ဖာလုံကြားတွင် ယာဥ်မောင်းအိပ်ငိုက်ရာမှ လမ်းလယ်ကျွန်းရှိ ကွန်ကရိဘယ်ရီယာတုံးများကို တိုက်မိကာ လူသုံးဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Suzuki Swift အမျိုးအစား(အနက်ရောင်)ယာဥ်သည် ယာဥ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ အထက်ပါမိုင်တိုင်အရောက် လမ်းလယ်ကျွန်းရှိ ကွန်ကရိဘယ်ရီယာတုံးများအား ဝင်ရောက်တိုက်မိ ရပ်တန့်သွားခဲ့သည်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၃)ဦးတို့မှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့ပိုင် လူနာတင်ယာဉ်ဖြင့်နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ကူညီပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကို ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်(၂+၇)ဦး၊ ပ‌လွေးအမြန်လမ်းရဲစခန်းမှ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်(၂+၈)ဦးနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ပုံစာ။ အမြန်လမ်းတွင်ဖြစ်ပွားသော ယာဥ်တိုက်မှုမြင်ကွင်း (Photo – MFSD ၊ Aung Thu)

Leave a Reply

Your email address will not be published. Required fields are marked *