၁၄. ၃. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်ကို ဒီနေ့ညနေပိုင်းမှာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ Wundwin Township Revolution Force အဖွဲ့က ပြောပါတယ်။

ဒီနေ့ မတ်လ ၁၄ ရက် ညနေ ၆ နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးကျေးရွာ ရောက်ရှိနေတဲ့ ညောင်အုပ်ဖီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးတင်ဆင့်ကို သေနတ်နဲ့နှစ်ချက် ပစ်သတ်ခဲ့တာဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့လည်း ပြောသလို ဦးတင်ဆင့်ဟာ အုပ်ချုပ်ရေးမှူးမလုပ်လိုကြောင်း၊ နုတ်ထွက်စာတင်ထားကြောင်း၊ လုပ်လိုသူမရှိလို့ လုပ်နေရတယ်ပြောပြီး PDF တွေနဲ့ သူတို့မိသားစုသတင်းကို စုံစမ်းနေလို့ သတ်ဖြတ်တာလို့လည်း Wundwin Township Revolution Force က ဆိုပါတယ်။

WTRF အဖွဲ့ဟာ ပြည်သူတွေကို မကြာခဏသတ်ဖြတ်နေတဲ့အဖွဲ့ဖြစ်ပြီး ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့ပေါ် လက်ဖက်ရည်ဆိုင်မှာ ကိုနန္ဒကျော်ဆိုတဲ့ အမျိိုးသားတစ်ဦးနဲ့ မတ်လ ၁၀ ရက်ကလည်း ပင်းတလဲ – ဝမ်းတွင်းလမ်းမပေါ်မှာ မိတ္ထီလာ တပ်မ(၉၉)က တပ်သား သန့်ဇင်ထွေး(ခ)ကိုထွေးဆိုသူကိုလည်း ပစ်ခတ်သတ်ဖြတ်ထားတယ်လို့ ထုတ်ပြန်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *