၁၄. ၃. ၂၀၂၄
Written by Thinzar

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပင်လည်ဘူးမြို့နှင့် ကနီမြို့တို့တွင် PDF အလောင်း (၉) လောင်းနှင့်အတူ လက်နက်၊ ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့မှ သိမ်းဆည်းရရှိကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့မှ ပင်လည်ဘူးမြို့အား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် စေတီဦးကျေးရွာအနီးတွင် PDF များနှင့်လုံခြုံရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်ရာ PDF အလောင်း ( ၃) လောင်း၊ ၎င်းတို့ကိုင်သည့် အမ်-၂၁ သေနတ် ၂ လက်၊ အမ်-၂၁ ကျည်အိမ် ၃ ခု၊ အမ်-၂၁ ကျည်ဆံ ၈၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ကနီမြို့အနီးတွင်လည်း PDF များနှင့်လုံခြုံရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ PDF အလောင်း (၆) လောင်း၊ အမ်- ၂၂ သေနတ် ၃ လက်၊ စနိုက်ပါသေနတ် ၁ လက်၊ အမ် – ၇၉ သေနတ် ၁ လက်၊ ပြောင်းချောရိုင်ဖယ်သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု နှင့်အတူ အမ်- ၂၂ ကျည်အိမ် ၁၀ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIA/PDF များမှ ကနီမြို့ကို မြို့သိမ်းတိုက်ပွဲများ ပြုလုပ်ရာတွင် ထိုအဖွဲ့များနှင့်လုံခြုံရေးတပ်ဖွဲ့တို့ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Photo – Credit

Leave a Reply

Your email address will not be published. Required fields are marked *