၁၃.၃.၂၀၂၄
Written By Thandar

ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်ချစ်ခင်မှုရရှိလာတဲ့ သရုပ်ဆောင် မေမီကိုကိုကတော့ အမြဲတမ်းပေါ့ပေါ့ပါပါးသွားလာတတ်သူမို့ ဖက်ရှင်ပိုင်းမှာ ဝေဖန်ခံရသလို အပြောခံရတယ်လို့ ရင်ဖွင့်လာပါတယ်။

“ဖက်ရှင်ပိုင်းမှာ မေမီက ဝေဖန်ခံရတယ် အပြောခံရတယ်။ တကယ်လည်း မှန်တယ်လေ။ မေမီက အမြဲတမ်း ပေါ့ပေါ့ပါးပါးလေး ဝတ်ဖြစ်တော့လေ။ မင်းသမီးတစ်ယောက် သာမန်ပဲသွားချင်တာကလည်း တကယ်တော့မရဘူးပေါ့။ ကိုယ်က သာမာန်လူမဟုတ်ဘူး မင်းသမီးလေးလို့ အိမ်ကလည်းပြောတယ်။ ဒါကြောင့် ဖက်ရှင်မှာ ပြောခံရတာပေါ့။ မေမီက ဖက်ရှင်နဲ့ပတ်သက်ရင် အားနည်းတယ်လေ။ ခုနောက်ပိုင်း ဖက်ရှင်ပိုင်းကို လေ့လာဖြစ်လာတယ်။ မေမီ ရိုက်ကူးရေးက သူတွေ အကောင်းဆုံး ကြိုးစားအားထုတ်လာပြီး ဒီပုံလေးတွေ ထွက်လာတာလို့ ပြောလို့ရပါတယ်။ အများစုကြိုက်နှစ်သက်တဲ့ ဖက်ရှင်လေးဖြစ်အောင် မေမီလုပ်ဆောင်နေပါတယ်”လို့ သရုပ်ဆောင် မေမီကိုကိုက ပြောပါတယ်။

သူမကတော့ အနုပညာပိုင်းမှာ ကာရိုက်တာအရ အားစိုက်ထုတ်ပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်သူလည်း ဖြစ်ပါတယ်။ မေမီကိုကိုကတော့ ပွဲတက်ပိုင်းတချို့မှာ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပိုင်းမှာ အားနည်းချက်ရှိနေတယ်လို့ဆိုပါတယ်။ ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ Myanmar Star Award 2018 အမျိုးသမီး ထူးချွန်ဆုကို မေမီကိုကိုက ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိ “သူ့ကိုမှ ချစ်မိသည်” ရုပ်သံဇာတ်လမ်းတွဲမှာ မူရာကိုကို ဆိုတဲ့ အစွမ်းကုန်ယုတ်မာတဲ့ ကာရိုက်တာက ပါဝင်သွားမယ်လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *