၁၃. ၃. ၂၀၂၄
Translated by Thettant

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဆုတ်ခွာရောက်ရှိလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၇ ဦးကို မိခင်နိုင်ငံထံ ပြန်လည်ပို့ဆောင်ဖို့ ဆွေးနွေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဝန်ကြီး Hasan Mahmud က သတင်း ထောက်တွေနဲ့ တွေ့ဆံချိန် ဖွင့်ဟပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဝင်လာအပြီးမှာ အရပ်သားတချို့ကလည်း ဝင်ရောက်ဖို့ကြိုးပမ်းလာပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေက အရပ်သားတွေကို အဝင်မခံဘဲ ပြန်လည်နှင်ထုတ်ခဲ့တယ်လို့လည်း Hasan Mahmud က ပြောပါတယ်။

လက်ရှိမှာ မြန်မာဘက်ခြမ်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာဘက်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို အကြိမ်ကြိမ်ဆုတ်ခွာလာနေတာလို့ သူက ပြောခဲ့သလို မြန်မာနိုင်ငံကို ပြန်ပို့ရေးလည်း အစိုးရတာဝန်ရှိသူတွေနဲ့ ထိတွေ့ဆွေးနွေးနေတာ လိုအပ်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်မယ်ဆိုတာတွေကိုလည်း Hasan Mahmud က သတင်းထောက်တွေကို ပြောခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းကလည်း မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိ ၃၃၀ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ရောက်လာလို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မိခင်နိုင်ငံထံ သင်္ဘောနဲ့ ပြန်လည်ပို့ဆောင်ခဲ့ရပါသေးတယ်။

Ref, Prothomalo

Leave a Reply

Your email address will not be published. Required fields are marked *

Related News