April 29, 2024

◾ ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိ

၁၁. ၃. ၂၀၂၄
Written by Nay Moe

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ AA လက်နက်ကိုင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA လက်နက်ကိုင်များသည် မတ်လ ၉ ရက် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာ၏ အနောက်ဘက်အရပ်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့၊ ကသဲရပ်ကွက် အတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင်ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့ကာ ကလေးငယ် ၃ ဦးအပါအဝင်ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

ထို့ကြောင့် အဆိုပါ ဒဏ်ရာရရှိသူများအား တာဝန်ရှိသူများနှင့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များက စစ်တွေမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) သို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိသည်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *